ဗဟုသုတ

“”သင့်ကို ခွန်အားဖြစ်စေမယ့် ” ပျော်ရွှင်ခြင်း” ဆိုတဲ့ ကမ္ဘာကျော် ပန်းချီကားလေးရဲ့ အဓိပ္ပာယ်”

ဘဝမှာ အများကြီးမလိုပါဘူး … စိတ်နှလုံးကိုပျော်ရွှင်အောင် ထားတတ်ဖို့ပဲ လိုအပ်တယ်ဆိုတာကို ဒီပန်းချီကားလေးထဲကနေတွေ့ရမှာဖြစ်ပါတယ် …

ဒီပန်းချီကားရဲ့ နာမည်ဟာ”ပျော်ရွှင်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။

တစ်ခါက Nazim Hikmat လို့ခေါ်တဲ့ နာမည်ကျော်တူရကီ ကဗျာဆရာတစ်ယောက်ကသူ့ မိတ်ဆွေ ပန်းချီဆရာတစ်ဦး ဖြစ်တဲ့Abidin Dino ဆိုသူကို ပျော်ရွှင်ခြင်းရဲ့ ရုပ်ပုံကိုပန်းချီဆေးရေး ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

သူ့မိတ်ဆွေ ပန်းချီဆရာကအခု ပုံမှာ မြင်နေရတဲ့အတိုင်း –ကလေးတွေ အများကြီးနဲ့ မိသားစုလေးဟာအနုပ်စုတ်ကုပ်စုတ် အခန်းလေးတစ်ခုထဲသူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူမိုးယိုပြီး ကျနေတဲ့ ခေါင်မိုးအောက်မှာ ကျိုးပဲ့နေတဲ့ ကုတင်တစ်ခုပေါ် ခြေချစရာ နေရာလပ်မရှိအောင်ကျပ်ညှပ်သပ်ပြီး အိပ်နေကြရပေမယ့်သူတို့တွေ အားလုံးရဲ့ မျက်နှာပေါ်မှာအေးချမ်းပျော်ရွှင်နေတဲ့ အပြုံးကိုယ်စီ ရှိနေကြတဲ့ပုံလေးကို ရေးဆွဲပေးခဲ့ပါတယ်။

ဒီပန်းချီကားလေးဟာ အရမ်းကို နာမည်ကျော်ကြားသွားခဲ့ပြီး လူတွေကိုပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ရဲ့ဆင်းရဲဒုက္ခတွေကနေ ရှောင်ပြေး ပုန်းရှောင်နေခြင်း မဟုတ်ပဲကိုယ့်ရဲ့ ဆင်းရဲဒုက္ခတွေကိုရိုးရိုးသားသား လက်သင့်ခံလိုက်ခြင်းပဲဖြစ်တယ်ဆိုတဲ့ အသိကို ရစေခဲ့တဲ့ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့ပါတယ်။

ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကိုယ့်နံဘေးမှာ ရှိနေတဲ့ ကောင်းတဲ့အချင်းအရာတွေကို မြင်တတ်ပါစေ။

ကိုယ် မတတ်နိုင်တဲ့ အကြောင်းကိစ္စတွေအတွက်လည်း ပူပန်သောကတွေ မထားပါနဲ့။တတ်နိုင်သလောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါ။

ဒီလောက်ဆိုရင် ဘဝကလုံလောက်တာထက်တောင် ပိုနေပါပြီ။ 💙🍀

#Copy_Credit

#yooyar