News

“မီတာခ မပေးလို့ ပလာယာနဲ့ မီးလိုက်ဖြတ်တဲ့ စကစ EPC “

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်းက ရပ်ကွက်တချို့မှာ (၄)လစာမီတာပေါင်းမဆောင်လို့ နေအိမ်တချို့ကမီးလိုင်းတွေကို ပလာယာနဲ့မီးကြီုးတွေကို ဖြတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။

“(၄)လစာပေါင်းဆောင်ဖို့ မီတာစာရွက်တွေရောက်လာတယ်၊ တချို့လည်းဆောင်တယ် မဆောင်တဲ့လူကပိုများပါတယ်၊ ဒဂုံအရှေ့ပိုင်က(၇၊၈၊၁၄)ရပ်ကွက်တွေက မီတာမဆောင်တဲ့နေအိမ်တွေရဲ့ မီးကြိုးတွေကို အခုမနက် ပလာယာနဲ့လိုက်ဖြတ်တယ်၊ တချို့အိမ်တွေကြတော့ ဖျူးယူသွားတယ်၊ ကျနော့်အိမ်ကိုတော့ ဖျူးဖြုတ်သွားတယ်၊ (၄)လစာလည်းဆောင်စရာမရှိဘူး၊ ဒီလောက်ငွေရှားနေတာ နည်းနည်းမှနားမလည်းဘူး”လို့ (၁၄)ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအခြေအနေအရမီတာကောက်ခံတာကိုရပ်နားခဲ့ပေမယ့် အခုဇွန်လ ပထမပတ်ကနေစတင်ပြီး မီတာစာရွက်တွေ လိုက်လံပို့ဆောင်ပြီး မီတာဆောင်ဖို့ဖိအားပေးခဲ့ပေမယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း စစ်အာဏာရှင်လက်ထက်မှာ မီတာပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Zawgyi

ဒဂုံမြို့သစ်မြို့နယ်ကရပ်ကွက်တချို့မှာ မီတာမဆောင်လို့ ပလာယာနဲ့ မီးလိုက်ဖြတ်

ရန်ကုန်၊ဇွန်(၁၅)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်အတွင်းက ရပ်ကွက်တချို့မှာ (၄)လစာမီတာပေါင်းမဆောင်လို့ နေအိမ်တချို့ကမီးလိုင်းတွေကို ပလာယာနဲ့မီးကြီုးတွေကို ဖြတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။

“(၄)လစာပေါင်းဆောင်ဖို့ မီတာစာရွက်တွေရောက်လာတယ်၊ တချို့လည်းဆောင်တယ် မဆောင်တဲ့လူကပိုများပါတယ်၊ ဒဂုံအရှေ့ပိုင်က(၇၊၈၊၁၄)ရပ်ကွက်တွေက မီတာမဆောင်တဲ့နေအိမ်တွေရဲ့ မီးကြိုးတွေကို အခုမနက် ပလာယာနဲ့လိုက်ဖြတ်တယ်၊ တချို့အိမ်တွေကြတော့ ဖျူးယူသွားတယ်၊ ကျနော့်အိမ်ကိုတော့ ဖျူးဖြုတ်သွားတယ်၊ (၄)လစာလည်းဆောင်စရာမရှိဘူး၊ ဒီလောက်ငွေရှားနေတာ နည်းနည်းမှနားမလည်းဘူး”လို့ (၁၄)ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအခြေအနေအရမီတာကောက်ခံတာကိုရပ်နားခဲ့ပေမယ့် အခုဇွန်လ ပထမပတ်ကနေစတင်ပြီး မီတာစာရွက်တွေ လိုက်လံပို့ဆောင်ပြီး မီတာဆောင်ဖို့ဖိအားပေးခဲ့ပေမယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း စစ်အာဏာရှင်လက်ထက်မှာ မီတာပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo-CJ

#C8News #ဒဂုံမြို့သစ်