News

“ငယ်ငယ်က ကိုယ့်ကို စာသင်ပေးခဲ့တဲ့ ဆရာမကို လမ်းဘေးမှာ သူတောင်းစားအဖြစ် တွေ့လိုက်ရတဲ့ ကျောင်းသူလေးရဲ့ လေးစားဖွယ် လုပ်ရပ်”

အိန္ဒိယနိုင်ငံကေရာလာတွင် ကျောင်းသူဟောင်းတဦး လမ်းလျှောက်သွားနေစဉ် ဘူတာရုံတခုရှေ့ တောင်းရမ်းနေသည့် သက်ကြီးအမျိုးသမီးကို မြင်၍ သိသလိုလို ခံစားမိသဖြင့် အနီးကပ် လေ့လာကြည့်ရာ တခါက သူမစာသင်ခဲ့သည့် အထက်တန်းကျောင်းမှ သင်္ချာဆရာမဖြစ်နေကြောင်း အံ့ဩစွာ တွေ့မြင် လိုက်ရသည်။

အကျိုးအကြောင်း မေးမြန်းကြည့်ရာ သူမ အငြိမ်းစားယူပြီးနောက်ပိုင်း သားများက သူမအား စွန့်ခွာသွားကြသဖြင့် စားဝတ်နေရေးအတွက် တောင်းရမ်းနေရကြောင်း ပြောပြသည်။

ထိုကျောင်းသူက ဆရာမအား အိမ်သို့ ခေါ်ယူသွားပြီးနောက်ကောင်းမွန်စွာ ထားသည်။ ပြီးနောက် သူမ အမြဲနေထိုင်ရန် အိမ်ခန်းနှင့် စားဝတ်နေရေးကို အတန်းဖော်များအားလုံးက စုပေါင်းတာဝန် ယူလိုက်ကြသည်။

မိမိရင်သွေးများက ပစ်သွားကြသော်လည်း မိမိပညာသင်ပြခဲ့သော တပည့်များကမူ ပစ်မထားရက် ပါလား။

#Mayu Rashid

Zawgyi

အိႏၵိယႏိုင္ငံေကရာလာတြင္ ေက်ာင္းသူေဟာင္းတဦး လမ္းေလွ်ာက္သြားေနစဥ္ ဘူတာ႐ုံတခုေရွ႕ ေတာင္းရမ္းေနသည့္ သက္ႀကီးအမ်ိဳးသမီးကို ျမင္၍ သိသလိုလို ခံစားမိသျဖင့္ အနီးကပ္ ေလ့လာၾကည့္ရာ

တခါက သူမစာသင္ခဲ့သည့္ အထက္တန္းေက်ာင္းမွ သခ်ၤာဆရာမျဖစ္ေနေၾကာင္း အံ့ဩစြာ ေတြ႕ျမင္ လိုက္ရသည္။

အက်ိဳးအေၾကာင္း ေမးျမန္းၾကည့္ရာ သူမ အၿငိမ္းစားယူၿပီးေနာက္ပိုင္း သားမ်ားက သူမအား စြန္႔ခြာသြားၾကသျဖင့္ စားဝတ္ေနေရးအတြက္ ေတာင္းရမ္းေနရေၾကာင္း ေျပာျပသည္။

ထိုေက်ာင္းသူက ဆရာမအား အိမ္သို႔ ေခၚယူသြားၿပီးေနာက္ေကာင္းမြန္စြာ ထားသည္။ ၿပီးေနာက္ သူမ အၿမဲေနထိုင္ရန္ အိမ္ခန္းႏွင့္ စားဝတ္ေနေရးကို အတန္းေဖာ္မ်ားအားလုံးက စုေပါင္းတာဝန္ ယူလိုက္ၾကသည္။

မိမိရင္ေသြးမ်ားက ပစ္သြားၾကေသာ္လည္း မိမိပညာသင္ျပခဲ့ေသာ တပည့္မ်ားကမူ ပစ္မထားရက္ ပါလား။

#Mayu Rashid