News

“ခ်စ္ဇနီးရဲ႕ဗိုက္ထဲက ကေလးေလးကိုေတာင္ မျမင္လိုက္ရရွာဘဲ မိသားစုဆီ ဘယ္ေတာ့မွျပန္မလာနိုင္ေတာ့တာ (၃) လျပည့္သြားၿပီျဖစ္တဲ့ ကိုခ်စ္မင္းသူ”

ျပည္သူေတြကေတာ့ ဒီကာလမွာ အသက္ေပးသြားရတဲ့သူရဲေကာင္းေတြအတြက္ ဘယ္ေတာ့မွအားမေလ်ာ့ၾကဘဲေရာင္နီသာတဲ့ေန႕သစ္ဆီေရာက္ေအာင္ ဆက္လက္ရင္ဆိုင္ေနၾကဆဲပဲျဖစ္ပါတယ္။ဒါ့အျပင္ ျပည္သူလူထုအခ်င္းခ်င္းက စည္းစည္းလုံးလုံးရွိၾကၿပီး အကူအညီလိုအပ္ေနသူတိုင္းအတြက္လည္း အဆင္သင့္ရွိေနၾကတာျဖစ္ပါတယ္။

မိမိတို႔ရဲ႕မိသားစုဝင္ေတြကို ဆုံးရႈံးလိုက္ရတဲ့ က်န္ရစ္သူေတြအေနနဲ႕ကေတာ့ ေန႕တိုင္းသတိရေနၿပီး ပူေဆြးေသာကေရာက္ေနၾကဆဲျဖစ္ပါတယ္။

မတ္လ (၁၁) ရက္ေန႕က ေျမာက္ဒဂုံမွာ က်ဆဳံးသြားတဲ့ ကိုခ်စ္မင္းသူကေတာ့ မိသားစုကိုခြဲခြါသြားခဲ့တာ (၃)လ ျပည့္သြားၿပီျဖစ္ပါတယ္။ျပည္သူလူထုကေတာ့ ကိုခ်စ္မင္းသူေျပာခဲ့တဲ့ “မိန္းမရယ္ ငါ့ကိုခြင့္လႊတ္ပါ။

ဒီေန႕ ငါမထြက္လို႔ငါ့လိုလူေတြမ်ားရင္ ဒီနိုင္ငံႀကီး ဒီမိုကေရစီမရေတာ့ဘူး” လို႔ ေနာက္ဆုံးေျပာခဲ့တဲ့ စကားေလးကို အခုခ်ိန္ထိဦးေႏွာက္ထဲမွာ စြဲၿမဲစြာ မွတ္မိေနၾကဆဲျဖစ္ပါတယ္။ကိုခ်စ္မင္းသူရဲ႕ ဇနီးက ကိုယ္ဝန္ေဆာင္ထားရတဲ့အျပင္ (၂) ႏွစ္အ႐ြယ္သမီးေလးတစ္ေယာက္နဲ႕ က်န္ရစ္ခဲ့ရွာတာျဖစ္ပါတယ္။

ကိုခ်စ္မင္းသူရဲ႕ ဇနီးကို ေစတနာရွင္ျပည္သူေတြကလည္း ဝိုင္းဝန္းကူညီေပးၾကကာ အားေပးစကားေတြလည္းေျပာၾကတာျဖစ္ပါတယ္။မေန႕က ဇြန္လ (၁၁) ရက္ေန႕မွာ ကိုခ်စ္မင္းသူ က်ဆဳံးသြားတာ (၃) လျပည့္ၿပီျဖစ္လို႔ ျပည္သူေတြက သတိတရနဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ စာေလးေတြေရးတင္ေပးၾကတာျဖစ္ပါတယ္။ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပးသြားရတဲ့ သူရဲေကာင္းတစ္ေယာက္ခ်င္းစီတိုင္းကို ျပည္သူေတြကလည္း ဘယ္ေတာ့မွမေမ့ဘဲ အၿမဲသတိရေနၾကေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

crd-original

ချစ်ဇနီးရဲ့ဗိုက်ထဲက ကလေးလေးကိုတောင် မမြင်လိုက်ရရှာဘဲ မိသားစုဆီ ဘယ်တော့မှပြန်မလာနိုင်တော့တာ (၃) လပြည့်သွားပြီဖြစ်တဲ့ ကိုချစ်မင်းသူ

ပြည်သူတွေကတော့ ဒီကာလမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေအတွက် ဘယ်တော့မှအားမလျော့ကြဘဲရောင်နီသာတဲ့နေ့သစ်ဆီရောက်အောင် ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူလူထုအချင်းချင်းက စည်းစည်းလုံးလုံးရှိကြပြီး အကူအညီလိုအပ်နေသူတိုင်းအတွက်လည်း အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။မိမိတို့ရဲ့မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူတွေအနေနဲ့ကတော့ နေ့တိုင်းသတိရနေပြီး ပူဆွေးသောကရောက်နေကြဆဲဖြစ်ပါတယ်။

မတ်လ (၁၁) ရက်နေ့က မြောက်ဒဂုံမှာ ကျဆုံးသွားတဲ့ ကိုချစ်မင်းသူကတော့ မိသားစုကိုခွဲခွါသွားခဲ့တာ (၃)လ ပြည့်သွားပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကိုချစ်မင်းသူပြောခဲ့တဲ့ “မိန်းမရယ် ငါ့ကိုခွင့်လွှတ်ပါ။ဒီနေ့ ငါမထွက်လို့ငါ့လိုလူတွေများရင် ဒီနိုင်ငံကြီး ဒီမိုကရေစီမရတော့ဘူး” လို့ နောက်ဆုံးပြောခဲ့တဲ့ စကားလေးကို အခုချိန်ထိဦးနှောက်ထဲမှာ စွဲမြဲစွာ မှတ်မိနေကြဆဲဖြစ်ပါတယ်။ကိုချစ်မင်းသူရဲ့ ဇနီးက ကိုယ်ဝန်ဆောင်ထားရတဲ့အပြင် (၂) နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့ရှာတာဖြစ်ပါတယ်။

ကိုချစ်မင်းသူရဲ့ ဇနီးကို စေတနာရှင်ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြကာ အားပေးစကားတွေလည်းပြောကြတာဖြစ်ပါတယ်။မနေ့က ဇွန်လ (၁၁) ရက်နေ့မှာ ကိုချစ်မင်းသူ ကျဆုံးသွားတာ (၃) လပြည့်ပြီဖြစ်လို့ ပြည်သူတွေက သတိတရနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာလေးတွေရေးတင်ပေးကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းကို ပြည်သူတွေကလည်း ဘယ်တော့မှမမေ့ဘဲ အမြဲသတိရနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-original