ညီလေးရယ် ညီ့လောက် စိတ်ကောင်းရှိတာအကိုတစ်ခါမှ မကြုံဖူးးဘူး
ဒီနေ့ဗျာ ကျွန်တော်တို့အရေးပေါ်ကားသွားတာကို ကလေးက ပန်းရောင်းနေရင်း မြင်တယ်
ပန်းရောင်းပြီးတာနဲ့ ကားနောက်ကို ပြေးလိုက်တယ်
တစ်ကိုယ်လုံးလဲ ရွံ့ တွေပေလို့..ဘာလို့ပြေးလိုက်တာလဲလို့ မေးလိုက်တော့
အကိုတို့နဲ့သားလိုက်ချင်တယ်😟..သား အကိုတို့လိုသူများတွေကိုလိုက်လှူချင်လို့တဲ့🥺
ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်ဗျာ။
အသက်ငယ်ပေမယ့် သူတစ်ပါးကို…ကူညီချင်စိတ်ရှိတဲ့ ညီ ပညာတတ်ကြီးဖြစ်ပါစေကွာ။
ညီလေး ပန်းလဲ အများကြီးရောင်းကောင်းပါစေ။
ညီလေးဖြစ်ချင်တဲ့ အကိုတို့လို ..သူတစ်ပါးကိုဒုက္ခရောက်နေတာကို ကူညီပေးနိုင်ခွင့်ရရှိပါစေညီလေးရေ။
မိဘ ပြည်သူများလဲ သီပေါမြို့ထဲမှာ
ကလေးငယ်ကို မြင်ရင် သူလိုက်ရောင်းနေတဲ့ ပန်းလေးကို အားပေးကြပါနော်
အဖိုးအဖွားနဲ့ညီအမနှစ်ယောက်ကို ရှာကျွေးနေတဲ့ ကလေးလေးပါ
Nay Zaw Tun