ချင်းမိုင် ၊ ဇွန် ၁၄
ဗြိတိန်နိုင်ငံမှာ ကျင်းပနေတဲ့ G7နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးက မနေ့ကဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ ကမ္ဘာလုံးဆိုင်ရာအတွက် အကြောင်းအရာ ၇၀ ကို ထုတ်ပြန်ချက်ထုတ်ကာဖော်ပြခဲ့တယ်လို့ အိမ်ဖြူတော်အစိုးရရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး G7နိုင်ငံတွေထည့်သွင်းဆွေးနွေးခဲ့ပြီး ထုတ်ပြန်ချက် အပိုဒ် ၅၉မှာ ဖော်ပြခဲ့တာပါ။
အပိုဒ် ၅၉ မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး အချက် ၅ချက်ကို တွေ့ရပါတယ်။
၁။ မြန်မာစစ်တပ်အာဏာသိမ်းမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကျူးလွန်သောအကြမ်းဖက်လုပ်ရက်အား G7 နိုင်ငံများ ပြင်းထန်စွာရှုတ်ချခြင်း
၂။ မတရား ဖမ်းဆီးထားတဲ့သူတွေကို ချက်ချင်လွှတ်ပေးဖို့ တောင်းဆိုခြင်း ။
၃။ မြန်မာစစ်တပ်က အာဆီယံရဲ့ ဘုံသဘောတူညီချက်၅ချက်ကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်ဖို့ တိုက်တွန်းခြင်း
၄။ မြန်မာ စစ်တပ်ကို လက်နက် မရောင်းဖို့ နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ရပ်ဆိုင်းထားဖို့ သဘောတူညီထားတာကို ထပ်မံအတည်ပြုပြီး အခြားနိုင်ငံများလည်း လိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်း
၅။ မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပြုဖို့ တိုက်တွန်းခြင်း စတဲ့ အချက် ၅ချက်ကို G7နိုင်ငံတွေက စုပေါင်းထုတ်ပြန်ခဲ့ပါတယ်။
#Burmese Press