ဗဟုသုတ

“သရက်သီးတွေလှိုင်လှိုင်ပေါတဲ့ အချိန်မှာ သရက်သီးတွေစားမကုန်တော့ဘူးမလား. . …သရက်ပြင်လေး လုပ်ပြီးသိမ်းထားကြမယ်နော်”

ဒီလို သရက်သီးတွေလှိုင်လှိုင်ပေါတဲ့ အချိန်မှာ သရက်သီးတွေစားမကုန်တော့ဘူးမလား👉👉👉

ရောင်းလို့လဲအဆင်မပြေပါဘူးနော် သရက်တစ်ပုံ500 ဆယ့်နှစ်လုံးလောက်ရှိတယ်😂

ဒါဆို သရက်ပြင်လေး လုပ်ပြီးသိမ်းထားကြမယ်နော်👌👌

မိုးတွင်းစာ ထားထားလို့လည်းရတယ် 🌧🌧🌧

ကလေးတွေလည်းကြိုက်တယ် 🤷‍♀️🤷‍♂️

သရက်ပြင်ပြုလုပ်နည်း

သရက်သီးအမှည့်ကို အခွံနွှာပြီး ရေဆေးပါ

ကြိတ်စက်ထဲထည့်ရင် ကြိတ်ရလွယ်အောင်လို့ အတုံးသေးသေးလေးလှီးထားပါနော်

ကြိတ်စက်ထဲ ထည့်ကြိတ်မယ် ရေမထည့်ပါဘူးနော် ကြိတ်စက်မရှိရင် ဇကာနဲ့တိုက်လို့ရပါတယ်ရှင်

သရက်သီးမှည့်အရည် ပျစ်ပျစ်လေး

အချိုကြိုက်ရင် သကြားထည့်ပါ သရက်သီးချိုရင်မထည့်လည်းရပါတယ် ဆားအနည်းငယ်ထည့်ပေးပါနော်

သရက်သီးအနှစ်ကိုအိုးထဲထည့်ပြီး မီးအေးအေးလေးနဲ့ကြိုပါ သတိ ❗ဆက်မပြတ်မွှေပေးပါ မွှေတာရပ်လိုက်ရင် ထထ​ပေါက်ပါတယ် သရက်သီးအနှစ်ကြွက်မြီးတန်းပြီးပျစ်လာတဲ့အထိ ကြိုပေးရပါမယ် သရက်သီးအနည်းအများပေါ်မူတည်ပြီး ကြိုအချိန်ကွာသွားပါတယ်

သရက်သီးအနှစ်ပျစ်လာပြီးဆို ရပါပြီးနော်

အိမ်မှာရှိတဲ့ လင်းဗန်း ဒန်းအိုးအဖုံးတွေတစ်လုံးမကျန်ထုတ်ပြီး😂ဆီလေးပါရုံသုတ်ပေးပါ ခွာလို့လွယ်ကူအောင်လို့ပါနော်

ဆီသုတ်ပြီး​​ ထူထူကြိုက်ရင်ထူထူလောင်းထည့်ပါ ပါးပါးကြိုက်ရင်ပါးပါးလောင်းပါ နေပူလှန်းပါ ပါးရင်တစ်ရက်ဆိုခွာစားလို့ရပါပြီ

အဆင်ပြေကြပါစေရှင်🙏🙏🙏