News

“စကစ သတင်းစာရှင်းလင်းပွဲမှာ PDF အယောင်ဆောင်ပြီး ငိုပြသွားတဲ့ အောင်ဟိန်းရဲ့ နောက်ကြောင်းကို လှန်လိုက်တဲ့ အခါ”

GZ / PDF အယောင်ဆောင်Taxi သမား လူလိမ် အောင်ဆက်

စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဒီလိုလူတွေကိုအသုံးချပြီး ‘ဒရမ်မာခင်းတာက(( အတိုချုပ် ပြောရရင် သူက pdf ပေါ့ NUG က သူတို့ကို ဆေးရုံ ကျောင်း နဲ့ လူအများသွားလာတဲ့နေရာတွေမှာ ဗုံးထောင်ခိုင်းပြီးတော့ သူတို့ကို ပိုက်ဆံ အနည်ငယ်ပေးပြီး ထိုးကျွေးတယ်ပေါ့။

နိုင်ငံရေးရဲ့ သားကောင် ဖြစ်ရတယ်ပေါ့။နောက်ထက် ထပ်မလုပ်ကြဖို့ ငိုယိုပြီးပြောသွားတာ))

စကစ သတင်းစာရှင်းလင်းပွဲမှာ လူလိမ်ပွဲစားတွေကို အသုံးချပြီးPDF နဲ့ NUG ကို ပုံမှားရိုက်တယ်။

သူငိုပြသွားတဲ့ ရုပ်သံ

အောင်ဟိန်း’ လို့ နာမည်ပြောင်းထားတဲ့ ‘အောင်ဆက်’

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုထဲက ‘ကျနော့်နာမည် မောင်အောင်ဟိန်း’ ပါလို့ ပြောတဲ့သူဟာ တကယ်တော့ နာမည်ရင်း ‘အောင်ဆက်’ ဖြစ်ပြီး သူ့ကို ရန်ကုန်လေဆိပ်မှာ တက္ကစီမောင်းတဲ့သူတွေက သိကြပါတယ်။

ဗွီဒီယိုထဲမှာ သူပြောသလိုပဲ သူမိန်းမက ကွမ်းယာရောင်းတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကသာ ကွမ်းယာရောင်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူ့အမျိုးသမီး ကွမ်းယာရောင်းတာကို မတွေ့ရတော့ဘူးလို့ လေဆိပ်အနီး အလုပ်လုပ်ကြသူတွေက ပြောကြပါတယ်။

သူ တက္ကစီ ဂိတ်ထိုးတဲ့နေရာက ရန်ကုန်လေဆိပ်က ပုဂ္ဂလိက တက္ကစီ ဂိတ်တစ်ခုလို့ သိရပါတယ်။ အဲ့ဒီမှာ အသင်းသားလည်း ဖြစ်ခဲ့ဖူးပါတယ်လို့ အသင်းဝင်တွေက Mratt’s Channel ကိုပြောပါတယ်။ တက္ကစီမောင်းသူများကြားမှာ ‘လူလည် ပွဲစား’ အဖြစ်နာမည်ကြီးတယ်လို့ သူ့ကို သိတဲ့လူတွေက ပြောကြတယ်။

“ဒီကောင်က (ဗွီဒီယိုထဲ ပါသလို) ပိုက်ဆံသုံးသောင်းလောက်နဲ့ လုပ်စားမယ့်ကောင်မျိုး မဟုတ်ဘူး။ တခါတုန်းက (ပြည်လမ်း) အေဒီမီးပွိုင့်မှာ ကား ၆ စီးဆင့်တိုက်ခဲ့တုန်းကတောင် ဒီကောင်က အေးဆေးပဲ” လို့ သတင်းပေးလာသူတစ်ဦးက ဆိုပါတယ်။

အောင်ဆက်မောင်းသည့် တက္ကစီကုမ္ပဏီမှာ လှိုင်သာယာ ပန်းလှိုင်အိမ်ယာမှာဟု သိထားကြပြီး ၎င်း၏ တက္ကစီပိုင်ရှင် သူဌေးမှာ နှင်းဆီပါတီမှဟု ယူဆထားကြသော်လည်း Mratt’s Channel က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သို့သော် “ဝ နှစ်ပါတ်လည်ပွဲတက်တာ ဒီကောင်ကိုယ်တိုင် မိုင်းလားထိလိုက်သွားရတာတော့ သူကိုယ်တိုင်ကြွားလို့သိရတာ” ဟု သတင်းပေးလာသူတစ်ဦးက ဆိုသည်။

မှတ်ချက်။ အောင်ဆက် လုပ်ကိုင်ခဲ့သည့် ပုဂ္ဂလိက တက္ကစီလိုင်းနာမည်ကို ဒီဂိတ်ရဲ့ လုံခြုံရေးအရ ပြန်ဖျက်လိုက်ပါတယ်။

Mratt’s Channel