News

“မင်းလုပ်နိုင်ပါတယ် မင်းမလုပ်လို့ ဖြစ်မှာပါ”

မင်းလုပ်နိုင်ပါတယ် မင်းမလုပ်လို့ ဖြစ်မှာပါ

သူများတွေ PDF ထဲဝင်နေလို့ မင်းPDF ထဲမဝင်ရလို့ စ်ိတ်မကောင်းဖြစ်နေတာလား…?

အို..ကွာ ဒါများ ဘာခက်တာမှတ်လို့ ၊

PDF ကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရင် မင်းဟာ..တကယ် အလှူရှင်ကြီးပဲလေ ..၊

မင်း ဘာတွေ အားငယ်နေအုံးမှာလဲ..?

သူများတွေ CDM ဝင်နေလို့ မင်းက အကြောင်းအမျိုးမျိုးကြောင့် Non CDM သမားဖြစ်နေလို့လား…?

အို..ကွာ ဒါများ ဘာခက်တာမှတ်လို့မင်း ရတဲ့ လစာလေး နဲ့ အခက်အခဲဖြစ်နေတဲ့ CDM သမားတွေကို လှူတန်းနိုင်ရင် မင်းဟာ..Special CDM ကြီးပဲ လေ…၊

မင်းဘာတွေ တွေဝေနေတာလဲ?…သူများတွေ မတရားမူ့ကို တွန်းလှန်နေချိန်မင်းက အလုပ်ထဲ ရောက်နေလို့လား..?

အို..ကွာ ဒါများဘာခက်တာလိုက်လို့ မတရားမူ ကို တွန်းလှန်သူ မတရားမူ ကို တော်လှန်တဲ့သူရဲကောင်းတွေ နောက်မှာ မင်း ရတဲ့ လုပ်အားခလေး နဲ့ ..ဆန်တစ်ပြည် ဆီတစ်ဘူး ဝယ်ပေးလိုက်အုံး

မင်းဟာ …တော်လှန်ရေး ရဲ့ ပင်မ အသက်သွေးကြော ကြီးပဲလေ…။

မင်းက ဘာတွေ အားငယ်နေတာတုန်း..?ဒါတွေအားလုံးမင်းမလုပ်နိုင်ဘူးလား..?

ရတယ်လေ ဘာဖြစ်လဲ…

တော်လှန်ရေး စစ်သားကြီးတွေအတွက် မေတ္တာရေ ပက်ဖျန်း မေတ္တာ တွေ ပို့နေ လိုက်အုံး …

မင်းဟာ…တော်လှန်ရေးသမားတွေအတွက်မရှိမဖြစ် လိုအပ်တဲ့ မေတ္တာ ဓာတ်တွေပေး ကမ်းနေသူပဲလေ …

မင်း…ဘာတွေ အားငယ်အုံးမှာလဲ?…

တကယ်တော့…သူငယ်ချင်းရေ …

ဒါတွေအားလုံးဟာ လွယ်လွယ်လေးပါ…မင်း..မလုပ်လို့ မဖြစ်တာပါ ။

မင်းလုပ်ရင်ဖြစ်နိုင်တဲ့ အရာတွေကြည့်ပါပဲ ။

အရေးတော်ပုံ အောင်ရမည် ။အုတ်တချပ်သဲတပွင့်ဖြစ်ပါစေ။

#ZarniTike, Credited.

ThiriYadanar