1 အထီးကျန်ခြင်းတွေ များလာတဲ့အခါ
တစ်ယောက်ထဲ နေတတ်လာမယ် ။
2 လိမ်လှည့်စားမူတွေ ခံရတာ များတဲ့အခါ
ရိုးသားမှုကို တန်ဖိုးထားတတ်လာမယ်။
3 အမှားတွေ များစွာ လုပ်မိတဲ့အခါ
အမှားအမှန်ကို ခွဲခြားတတ်လာမယ်။
4 အထင်သေးမှုတွေ ကြုံတာများတဲ့အခါ
ကြိုးစားဖို့အတွက် ခွန်အားဖြစ်လာမယ်။
5 နှိမ့်ချမှုတွေ များလာတဲ့အခါ
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာမယ်။
6 အနားမှာ ဘယ်သူမှ ရှိမနေနိုင်ပေးတဲ့အခါ
ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လာမယ်။
7 အကူအညီ မဲ့တာတွေ များလာတဲ့အခါ
ကိုယ့်အားကို ကိုးတတ်လာမယ်။
8 စိတ်ညစ်စရာတွေ များလာတဲ့အခါ
လျစ်လျူရှု့တတ်လာမယ်။
9 အခက်အခဲတွေ များလာတဲ့အခါ
အခွင့်အလမ်းတွေ မြင်တွေ့တတ်လာမယ်။
10 ကျရှုံးမှုတွေ များလာတဲ့အခါ
အချိန်ကို တန်ဖိုးထားတတ်လာမယ်။
11 ကြမ်းတမ်းတဲ့ ဘဝကို ကြုံရတာများတဲ့အခါ
ရင့်ကျက်စွာ ရှင်သန်တတ်လာမယ်။
တရက်ပြီးတရက် အသက်တွေကြီးလာတာနဲ့အမျှ..
ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများစွာအရာအားလုံးတွေက
ကိုယ့်အတွက် တစ်ခုခု ကျန်ရစ်စေခဲ့ပါတယ် ဆိုတာ သတိရပါ။
ဒါကြောင့်…
မနေ့ကဖြစ်ခဲ့တဲ့ နာကျင်စရာကိုနောင်တနဲ့ ဝမ်းနည်းမနေဘဲ ဒီနေ့အတွက် အားအင်အဖြစ်ပြောင်းလဲပြီး..ဒီနေ့ရဲ့ အခက်အခဲကိုမငြီးငြူဘဲ မနက်ဖြန်အတွက်လှေကားထစ် လုပ်ပစ်လိုက်ကာလာမယ့် မနက်ဖြန်ရဲ့ စိုးရိမ်စရာ အခက်အခဲကိုကြောက်ရွံ့မနေဘဲ ရဲရဲရင်ဆိုင် ပစ်လိုက်ပါ..။
#Credit…