၅…၅….၅၀၀ ကျပ်ပဲ ပေးပါ….. ၅၀၀ ရရင် အမေ့ဆီ ထမင်းဝယ်ပြီ ပြန်မယ် 😔😔😔
မီးပွိုင့် စိမ်းခါနီး….Back မှန်လေးထဲကနေ ရုတ်တရက် တွေ့မြင်လိုက်….
ကားလေး ဘေးချရပ်ပြီ……လမ်းလေး လျှောက်ကာ
အဘရေ…တကုံး ဘယ်လောက်တုန်း? ?
၅…၅…၅၀၀ ပဲ ပေးပါကွာ (အဘက စကားထစ် မသန်စွမ်း တယောက်ပါ)
တကုံးပဲ ရှိတော့တာလား….အဘ? ?
မနက်တည်းက….ဒီတကုံးပဲ ရှိတာပါတဲ့
( အဘက မသန်စွမ်းတော့ သိပ်မဝယ်ကြဘူး ထင်တယ်…. ပန်းက နွမ်းနေပါပြီ….မီးစိမ်းပြီဆို ကားတွေက မစောင့်ချင်…အဘက ဖြေးဖြေးချင်း မနည်း လမ်းဘေးပြန်လျှောက်နေရတယ်…..) Back မှန်ထဲက တွေ့ရတာပါ 😔🙏
အော…. ဟုတ် ကျနော် ယူမယ် နော်….
ကျေး….ကျေး…ကျေးဇူးတင်ပါတယ်ကွာ….အမေ့တွက် ထမင်းဟင်းဝယ်လို့ရပြီ…..😪😭
ဟုတ်…ဟုတ် အဘ….ကျနော် ပေးမယ်နော်
အမေက အသက် ဘယ်လောက်ရှိပြီလဲ…အဘကကော? ?
အမေက…အသက် (80)ကျော်……အဘက (52)နှစ်ရှိပြီတဲ့ 😔
ဟုတ်…အဘ…. ရော့ ပန်းဖိုး 20000 Ks 🙏
အဘ…မှာ ပြန်အမ်းဖို့ မရှိဘူး (အိတ်လေးထဲ လက်လေးနှိုက်ပြီ ရှာနေရှာတယ်)
မအမ်းနဲ့ အဘ…. မိုးရွာတော့မယ် အိမ်ပြန်တော့နော် အဖွားတွက် ထမင်းဟင်း ဝယ်သွားလိုက်နော်…😇
အဖွားအတွက် 10000 Ks,. …. အဘအတွက် 10000 Ks….. ယူလိုက်နော်
မပီသတဲ့ လုံးထွေးနေသော ဆုတောင်းသံလေးများနှင့် အဘ အိမ်ပြန်သွားတယ် 🙏🙏🙏
အဘ ပန်းလေး….ကားလေးထဲ ချိတ်ထားလိုက်ပါတယ်…😍
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
KBZ Pay – 09795405717
Wave – 095408437 / 09795405717
CB – 0076 6005 0004 5012