ဧရာဝတီတိုင်းမ်။
ဇွန်လ ၁၂ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်တွင် ယနေ့ ရွာသားများစုပေါင်းလမ်းခင်နေသည်ကို စစ်ကောင်စီတပ်တွေက စစ်ရေးလေ့ကျင့်သည်ဟုထင်ကာ ရဟတ်ယာဥ်ဖြင့် ပတ်ကြည့်နေကြောင်း ဒေသခံရွာသားအချို့ထံမှသိရသည်။
ရဟတ်ယာဥ်မှာ အနိမ့်ပျံသန်းနေတာကြောင့် ပျက်ကျမည်ကို ရွာသားများက စိုးရိမ်နေကြောင်း သိရသည်။
“လမ်းခင်းတာဆိုတော့ ပေါက်တူးတို့ လက်မြှောက်ပြီး လုပ်နေကြရတာဆိုတော့ သူတို့ဘက်က ဆန္ဒပြတယ် ထင်တာလား စစ်ရေးပြလုပ်နေတယ် ထင်တာလား မသိဘူး နိမ့်နိမ့်လေးက ပတ်နေတာ ခဏခဏဆိုတော့ ရွာသားတွေက ကြောက်ပြီး ဆက်မလုပ်ကြတော့ဘူး”ဟု ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွာသားများ လမ်းခင်းနေသည်ကို ရဟတ်ယာဥ်ဖြင့်ပတ်ကြည့်နေသည်မှာ ၁၀ကြိမ်ထက်မနည်းရှိတာကြောင့် ရွာသားအချို့အလုပ်ဆက်မလုပ်ကြတော့ကြောင်းလဲသိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများက စစ်ကောင်စီအပေါ် အယုံအကြည်မရှိသလို စစ်ကောင်စီကလည်း ပြည်သူများအပေါ် ယုံကြည်မှုကင်းမဲ့နေကာ အပြစ်မဲ့ပြည်သူအချို့အပေါ် မတရားဖမ်းဆီးအကျဥ်းချမှုများပြုလုပ်နေသည်ဟု ပြည်သူအချို့က သုံးသပ်ပြောဆိုသည်။
#ပန်းတနော် #ရွာသားများလမ်းခင်း #စစ်ကောင်စီ #ရဟတ်ယာဥ်
#Ayeyarwaddy_Times