News

“နေပ.ူမရှောင်၊ မိုးရွာမရှောင်ဈေးရောင်းနေရတဲ့ အသက်၈၀အရွယ်အဖိုးအဖွားလင်မယားကို ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်နိုင်အောင် ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး”

ဖေဖော်ဝါရီ၁ရက်နေ့ အ.ာဏာသိ.မ်းလိုက်တဲ့ဖြစ်ရပ်ကြောင့် မြန်မာပြည်သူတွေရဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမားရေးစတဲ့ ကဏ္ဍတွေများစွာ ထ.ိခို.က်ခဲ့ရပါတယ်။ အ.ာဏ.ာသိ.မ်းလိုက်တဲ့ အကျိုးဆက်ကို အများဆုံးခ.ံစ.ားနေရတာက အခြေခံပြည်သူတွေပဲဖြစ်ပါတယ်။

အခုလိုစီးပွားရေးတွေ က.ျဆ.င်းနေတဲ့အချိန်မှာ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အခြေခံလက်လုပ်လက်စားတွေအဖို့ စားဝတ်နေရေးပြ.သန.ာကိုတောင် အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အခုအလိုအခြေအနေမှာ အသက်ကြီးနေပြီဖြစ်ပေမယ့် ဝမ်းစာအတွက် ရု.န်းက.န်ရှာဖွေနေရတဲ့ အဖိုးအဖွားတွေဟာလည်း အခ.က်အခ.ဲ​တွေကြုံတွေ့နေရပါတယ်။

ပြည်သူတွေကတော့ ဝမ်းစာရှာဖွေနေရတဲ့ သက်ကြီးရွယ်အိုတွေဆီကနေ မုန့်တွေ၊ရောင်းတဲ့ပစ္စည်းတွေ ဝယ်ယူတာမျိုး၊အလှူငွေတွေပေးအပ်တာမျိုးတွေ ပြုလုပ်ပြီး တတ်နိုင်သလောက်ကူညီပေးနေကြပါတယ်။ ယနေ့မှာလည်း ပြည်သူတစ်ယောက်ဟာ ​နေပ.ူမရှောင်၊မိုးရွာမရှောင်ဈေးရောင်းနေရတဲ့ အသက်၈၀အရွယ်အဖိုးအဖွားလင်မယားထံမှ လက်လုပ်မုန့်တွေအကုန်လုံး ဝယ်ယူလိုက်တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

ပြည်သူတစ်ဦးက ”​ပျော်လိုက်တာအဖေကြီးရယ်​​ ကျမတို့ ဒီသားလေးကြောင့် လျှောက်မပတ်ရတော့ဘူး လာအိမ်ပြန်ကြမယ်အဖေကြီးရေ အဖိုးက အသက်(၈၀) ရှိပီတဲ့ အဖွားက(၇၈)ရှိပြီတဲ့ လင်မယား(၂)ယောက် မနက်ဆိုတွံ့တေး ခရမ်းဘက်ကနေ ရန်ကုန်တက်လာကြတယ် တစ်လမ်းဝင် တစ်လမ်းထွက် ပဲကောက်ညှင်းထုပ် ငှက်ပျော်ကောက်ညှင်းထုပ်လေးတွေ လိုက်ရောင်းကြတယ်

ကျွန်တော်လဲအပြင်သွားရင်း ဗိုက်ဆာအဖိုးအဖွားတို့နှင့် ကွက်တိတိုး အဖိုးအဖွားဘယ်လိုရောင်း အသေး၃ထုပ် 1,000Ks အကြီး၁ထုပ် 500Ksဟုတ်၊ အဖွားဘယ်နှထုပ် ရှိတုန်းအများကြီးပဲ သားလေးဟုတ်အဲ့ အများကြီး အကုန် သားယူမယ်အဖွား ​တွက်ကြည့်လိုက်နော်

အကုန်23,000Ks သားရေဟုတ် အဖွားရော့ဒါက မုန့်တွက် 25,000Ks​နော် ဒါက အဖိုးနဲ့အဖွား လိုရာသုံးဖို့ 25,000 Ks​နော် အဖွားတို့ မိုးရွာနေပြီနော်အိမ်ပြန်တော့နော်။ ကျေးဇူးတင်လိုက်တာသားလေးရယ် အဖွားတို့ လျှောက်မပတ်ရတော့ဘူး ​ဖေကြီး​ရေ

လက်ဖက်ရည်လေး​​သောက်ပြီး ကျမတို့ပြန်ကြမယ် ကျွန်တော်တို့တွေ အေးဆေး လက်ဖက်ရည်ဆိုင်ထိုင် မုန့်စားနိုင်ပေမဲ့ တချို့အဖိုးအဖွားတွေ ​နေပ.ူမရှောင် မိုးရွာမရှောင် တလမ်းဝင်တလမ်းထွက် နဖူးမှ​ချွေး ခြေမ ကျတဲ့ထိ​ရောင်းမှ လက်ဖက်ရည်လေးသောက်နိုင်ကြတာ

အဖိုးအဖွားတွေအတွက် အမြဲ ကူညီနိုင်တဲ့သူဖြစ်ရပါစေ“ဆိုပြီး ရေးသားထားခဲ့ပါတယ်။ အဖိုးအဖွားလင်မယား၂ယောက်ဆီကနေ မုန့်တွေအကုန်လုံး ဝယ်ယူပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်