ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာတွေကြောင့်လို့သိရပါတယ်။
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
၁ – ပန်းဂေါ်ဖီစိမ်း – သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကိုလျော့နည်းစေပါတယ်။
၂ – ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
၃ – မုန်လာဥနီ
– မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
၄ – ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် – အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
၅ – ရေ
– ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၆ – ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇ – တရုတ်နံနံကြီး
– ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်တယ် – ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈ – ကြက်သွန်နီ
– ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
၉ – ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
၁၀ – ရှောက်သီး သံပုရာသီး. သံပုရိုသီး
– ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
၁၁ – ဘယ်ရီသီးများ
– ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကိုတားဆီးပေးနိုင်ပါတယ်။
..မစားသင့်သည့်အစားအစာများ
1. ဝမ်းတွင်းကလီစာ – ဥပမာ – အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ – ဥပမာ – အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
CRD……မူရင်း