ဗဟုသုတ

“ကိုယ်တိုင် ချက်စားချင်သူတွေအတွက် မာလာရှမ်းကော အနှစ်ပြုလုပ်နည်း”(ရုပ်သံ)

#မာလာရှမ်းကောအနှစ်ပြုလုပ်နည်း 💗

#မေးထားသူတွေအတွက်ထပ်တင်လိုက်ပါပြီ

တစ်ပုလင်းစာအတွက်လိုအပ်ပစ္စည်း

အခြောက်

–>သစ်ဂျပိုး ၆လက်မအရွယ် ၁ပိုင်း

–>ကရဝေးရွက် ၄ရွက်

–>နာနတ်ပွင့် ၃ပွင့်

–>ဇာတိတ်ဖိုလျဆံ ၁ခု

–>လေးညင်း ၄ပွင့်

–>ရှားကောလုံး ၂လုံး (အထုံအစပ်မကြိုက်လျော့ထည့်ပါ)

–>စီချွမ် ငြုပ်ကောင်း 1tbsp

–>ဇီယာ 1tbsp

–>စမုန္စပါး 1tbsp

–>ငြုပ်သီးခြောက်အတောင့် အတောင့်၂၀ခန့်

–>ဖာလာ ၆ခု

–>ငြုပ်အစိမ်းမှုန့် 1tbsp

အစိုအတွက်

1)–>ကြက်သွန်ဖြူ ဗမာဥ ၆ဥ

2)–>ဂျင်း ၂လက်မပတ်လည် ၁တက်

3)–>ပန်းငြုပ်ပွ အနီ ၂လုံး

(အနီမရရင် ငြုပ်ပွခြောက်ကိုရေစိမ်ပီးကြိတ်ပါ)

4)–>မိုးမျှော်ငြုပ်သီးအနီ ၅ကျပ်သား

–>ပဲငပိ အငန် 1tbsp

–>ပဲငပိ အချဉ် 1tbsp

–>ဆား (အရသာအတွက်)

–>ပဲငံပြာရည် အကြည် (အရသာအတွက်)

–>သကြား(အရသာအတွက်)

#အချိုမှုန့်အသားမှုန့် လုံးဝမသုံးပါ

ပထမဆုံး ဒယ်ထဲဆီထည့်ပါ ပူလာရင် အခြောက် ingredients တွေကိုကြော်ပါ ၂မိနစ်ပျော့ပျော့လောက်ကြော်ပီးရင်ဆယ်ထုတ်ပါ ဆုံထဲထည့်ထောင်းပါ
(အမှုန့်ခြောက်တွေဘဲရှိတယ်ဆိုရင် ဒီအဆင့်ကိုကျော်လိုက်ပါ အစိုတွေဆီသတ်ပီးမှ အခြောက်မှုန့်ထည့်ပါ)

အစို 1-4 ထိကို ကြိတ်ပါ မကြိတ်ချင် ထောင်းပါ

စချက်မယ်နော်

စောစောက ဆီဒယ်အိုးကို ပြန်အပူပေးမယ် ဆီထပ်ထည့်မယ် (၂၅သားခန့်)

ဆီပူရင်1-4 ကြိတ်ထားတာကို ထည့်ဆီသတ်မယ် ကြက်သွန်နွမ်းရင် အခြောက်ကြော်ပီးထောင်းထားတာကိုထည့်မယ် မွှေမယ် ပဲငပိ ၂မျိုးထည့်မယ် မွှေနေပေးမယ်

ပဲငံပြာရည် သကြား ဆားကိုချိန်ညှိထည့်မယ် ဆီနီတွေထွက်လာရင် ဖိုပေါ်ကချ အအေးခံပီး ပုလင်းထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းပါ ၄လခံပါတယ်နော်

ရုပ္သံ

မိတ်ဆွေတွေသိအောင် like and share နဲ့ အသိပေးလိုက်ပါနော်

Crd k food

#Crd