News

“အိမ်၊ခြံ နဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်ခံလိုက်ရပေမယ့် အသက်ပေးခဲ့ရသူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်လို့ လုံးဝနောက်မဆုတ်သွားတဲ့ ကိုမင်းဟန်ထက်”

အိမ္၊ၿခံ နဲ႕ လုပ္ငန္းေတြကို ခ်ိတ္ပိတ္ခံလိုက္ရေပမယ့္ အသက္ေပးခဲ့ရသူေတြနဲ႕ယွဥ္ရင္ ဘာမွမဟုတ္လို႔ လုံးဝေနာက္မဆုတ္သြားတဲ့ ကိုမင္းဟန္ထက္

ျမန္မာျပည္တြင္းမွာျဖစ္ေပၚေနတဲ့ လက္ရွိအေျခအေနႀကီးဟာ (၄)လ ေက်ာ္ၾကာျမင့္သြားေပမယ့္ ျပည္သူလူထုကလည္း အရာရာကိုေပးဆပ္ၿပီး ဆက္လက္ႀကိဳးစားေနၾကဆဲျဖစ္ပါတယ္။

ဒီကာလမွာ လူငယ္သူရဲေကာင္းေတြလည္းမ်ားစြာထြက္ေပၚလာၿပီး အသက္ကိုေတာင္စြန႔္လႊတ္ရဲၾကတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢဥကၠဌ ကိုမင္းဟန္ထက္ရဲ႕ ေနအိမ္နဲ႕လုပ္ငန္းေတြကို စစ္ေကာင္စီက ခ်ိတ္ပိတ္ခဲ့တယ္လို႔ သိရပါတယ္။

ကိုမင္းဟန္ထက္က လူထုလႈပ္ရွားမႈေတြမွာဆိုရင္လည္း ေရွ႕ဆုံးကေန တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ ကိုမင္းဟန္ထက္လည္း လုံၿခဳံစိတ္ခ်ရတဲ့ေနရာမွာ ေရွာင္တိမ္းေနထိုင္ေနတာျဖစ္ပါတယ္။

ကိုမင္းဟန္ထက္တို႔မိသားစုက ဒီကာလမွာ တစ္ေနရာစီေဝးေနၾကတဲ့အခ်ိန္ ပိုင္ဆိုင္မႈေတြကိုပါ ပိတ္သိမ္းခံလိုက္ရတာပဲျဖစ္ပါတယ္။ကိုမင္းဟန္ထက္ရဲ႕ မိခင္နဲ႕ဖခင္ကလည္း သားျဖစ္သူကို “စိတ္မပ်က္ဖို႔၊လုပ္စရာရွိတာဆက္လုပ္ဖို႔”ဆိုၿပီး လွမ္းအားေပးလိုက္ေသးတာျဖစ္ပါတယ္။

ကိုမင္းဟန္ထက္ကေတာ့ “ ဒီကိစၥေတြက ဒီေတာ္လွန္ေရးမွာ အသက္ေတာင္ေပးခဲ့ရတဲ့သူေတြ၊ ဘဝေတာင္ေပးခဲ့ရတဲ့သူေတြနဲ႕ ယွဥ္ရင္ ဘာမွမဟုတ္ေသးပါဘူး။ “ဆိုၿပီး အားတင္းထားတာျဖစ္ပါတယ္.

။ျပည္သူလူထုကလည္းအသက္ေပးခဲ့ရသူေတြ၊ဘဝေပးခဲ့ရသူေတြ၊အက်ဥ္းေထာင္ထဲမွာေနရသူေတြ၊ေတာထဲေရာက္ေနသူေတြအတြက္ဘယ္ေတာ့မွေသြးမေအးၾကတာျဖစ္ပါတယ္။အခုလိုမ်ိဳး မိမိရဲ႕ေနအိမ္နဲ႕လုပ္ငန္းေတြကို ခ်ိတ္ပိတ္ခံလိုက္ရတာေတာင္ အားအင္အျပည့္နဲ႕ေရွ႕ဆက္ေနတဲ့ ကိုမင္းဟန္ထက္ေရးသားထားတဲ့စာေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

crd-original

မြန်မာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေကြီးဟာ (၄)လ ကျော်ကြာမြင့်သွားပေမယ့် ပြည်သူလူထုကလည်း အရာရာကိုပေးဆပ်ပြီး ဆက်လက်ကြိုးစားနေကြဆဲဖြစ်ပါတယ်။ဒီကာလမှာ လူငယ်သူရဲကောင်းတွေလည်းများစွာထွက်ပေါ်လာပြီး အသက်ကိုတောင်စွန့်လွှတ်ရဲကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်ရဲ့ နေအိမ်နဲ့လုပ်ငန်းတွေကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းဟန်ထက်က လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း ရှေ့ဆုံးကနေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ ကိုမင်းဟန်ထက်လည်း လုံခြုံစိတ်ချရတဲ့နေရာမှာ ရှောင်တိမ်းနေထိုင်နေတာဖြစ်ပါတယ်။ကိုမင်းဟန်ထက်တို့မိသားစုက ဒီကာလမှာ တစ်နေရာစီဝေးနေကြတဲ့အချိန် ပိုင်ဆိုင်မှုတွေကိုပါ ပိတ်သိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။ကိုမင်းဟန်ထက်ရဲ့ မိခင်နဲ့ဖခင်ကလည်း သားဖြစ်သူကို “စိတ်မပျက်ဖို့၊လုပ်စရာရှိတာဆက်လုပ်ဖို့”ဆိုပြီး လှမ်းအားပေးလိုက်သေးတာဖြစ်ပါတယ်။

ကိုမင်းဟန်ထက်ကတော့ “ ဒီကိစ္စတွေက ဒီတော်လှန်ရေးမှာ အသက်တောင်ပေးခဲ့ရတဲ့သူတွေ၊ ဘဝတောင်ပေးခဲ့ရတဲ့သူတွေနဲ့ ယှဥ်ရင် ဘာမှမဟုတ်သေးပါဘူး။ “ဆိုပြီး အားတင်းထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်းအသက်ပေးခဲ့ရသူတွေ၊ဘဝပေးခဲ့ရသူတွေ၊အကျဉ်းထောင်ထဲမှာနေရသူတွေ၊တောထဲရောက်နေသူတွေအတွက်ဘယ်တော့မှသွေးမအေးကြတာဖြစ်ပါတယ်။အခုလိုမျိုး မိမိရဲ့နေအိမ်နဲ့လုပ်ငန်းတွေကို ချိတ်ပိတ်ခံလိုက်ရတာတောင် အားအင်အပြည့်နဲ့ရှေ့ဆက်နေတဲ့ ကိုမင်းဟန်ထက်ရေးသားထားတဲ့စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-original