News

“ရက်(၁၀၀)ပြည့်နေမှာ ချစ်သူဖြစ်သူရဲ့အုတ်ဂူကိုသွားခဲ့တဲ့ မကြယ်စင်ရဲ့ ကောင်လေး”







crd-original

ရက်(၁၀၀)ပြည့်နေမှာ ချစ်သူဖြစ်သူရဲ့အုတ်ဂူကိုသွားခဲ့တဲ့ မကြယ်စင်ရဲ့ ကောင်လေး

မန္တလေးမြို့မှာ ကျဆုံးခဲ့တဲ့သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကြယ်စင် (ခ)ကျားရှီကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ အခုချိန်အထိတိုင်အောင်နေရာယူထားဆဲ ဖြစ်ပါတယ် ။

ကြယ်စင်က (၃.၂.၂၁) နေ့မှာကျဆုံးခဲ့တာဖြစ်ပြီး အခုဆိုရင် သူမကွယ်လွန်သွားခဲ့တာ (၃) လကျော်ခန့်ရှိနေပြီ ဖြစ်ပါတယ် ။

နောက်ဆုံးအချိန်အထိ တိုင်းပြည်အပေါ် တာဝန်ကျေပွန်သွားခဲ့တဲ့ သူရဲကောင်းမလေး ကြယ်စင်ရဲ့လုပ်ရပ်တွေက တကယ့်ကိုလေးစားဂုဏ်ပြုထိုက်တာပဲ ဖြစ်ပါတယ် ။

ပြည်သူ့သူရဲကောင်းတွေဟာအနှောင်ဖွဲ့တွေမကင်းကြပဲ ကျဆုံးသွားခဲ့ရသူတွေကြီးပါပဲ။ မိသားစုကိုယ်စီရှိကြပြီးသူတို့ကိုချစ်တဲ့သူတွေလည်းရှိပါတယ်။

မကြယ်စင်ရဲ့ ကောင်လေးဖြစ်သူဟာ ချစ်သူရဲ့ ရက် (၁၀၀)ပြည့်နေ့လေမှာအုတ်ဂူကိုသွားခဲ့ပြီး စိတ်မကောင်းစွာရေးသားခဲ့ပါတယ်။

crd-original