ပေါင် ဇွန် ၁၁
ဇွန်လ ၇ ရက်နေ့က ပေါင်မြို့နယ် ဇင်းကျိုက် စျေးရှေ့တွင် ဆိုင်ကယ်ပေါ်မှကျကျန်ရစ် သည့်၊”ဘလူးတု”ဆောင်းဘောက်အား၊ ဗုံးဟု အထင်မှားပြီး၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ဆိုင်ကယ်မောင်းသူ အားခေါ်ယူစစ်ဆေးခဲ့သည်။
ထိုသို့ခေါ်ယူစစ်ဆေးစဥ်က အဖော်အဖြစ်လိုက်ပါသွားခဲ့သူ လူငယ်တစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးထားသည်ဟုဆိုသည်
“ကျွန်မရဲ့သား ရဲမင်းထက် က ဘာမှမဆိုင်ဘူးလေ သူ့သူငယ်ချင်းကို ရဲစခန်းကခေါ်တယ် တစ်ယောက်ထဲမသွားရဲလို့ အဖော်လိုက်သွားတာ ၊”ဘလူးတု”ပြုတ်ကျခဲ့တုန်းကဆိုင်ကယ်စီးသွားတာ ၃ယောက်မှာလဲမပါဘူးအခုလိုအဖမ်းခံရတော့တအားနစ်နာနေလို့လူကြီးတွေကို အသနားခံစာတင်ထားပါတယ်” ဟု ဖမ်းဆီးခံထားရသူ မောင်ရဲမင်းထက်၏ ၏မိခင် ဖလပ်ရပ်ကွက်နေ ဒေါ်စန်းစန်းနု က ပြောဆိုသည်။
“ဘလူးတု”ဆောင်းဘောက်ကျကျန်ရစ်သည့်အချိန်က ဆိုင်ကယ်အားမောင်းသူမှာ ဗညားအောင်ဖြစ်ပြီး အငယ်လေး ဆိုသူနှင့် ကောင်းငြိမ်းကိုကို တို့က နောက်မှာထိုင်လာပြီး၊ကျုံဟော်ကျေးရွာလယ်ကွင်းမှပြန်လာကြကြောင်း”ဘလူးတု” ဆောင်းဘောက်ဖြင့် သီချင်းများဖွင့်လာသေးကြောင်း၊ဇင်းကျိုက်စျေး၌ နာရီဝင်ပြင်စဥ်၊ဘလူးတု အားဆိုင်ကယ်အိပ်ဇောပေါ်၌ ကောင်းငြိမ်းကိုကိုမှ တင်ထားကြောင်း
ဆိုင်ကယ်ပြန်ထွက်စဥ် ဘလူးတုအားမေ့ပြီး ပြန်မကိုင်ထားမိ၍ ပြုတ်ကျကျန်ခဲ့ကြောင်း ၊အိမ်ရောက်မှ ဘလူးတု မပါလာ၍ပြန်လာရှာဖွေကြရာ ရဲများက အရံအတားများ လုပ်ထားသဖြင့်မယူရဲတော့ဘဲ ပြန်လှည့်လာရခြင်းဖြစ်သည်ဟု ဗညားအောင်၏အစ်မဖြစ်သူ ဒေါ်မိမိခိုင်ကရှင်းပြပြောဆိုသည်။
ဘလူးတု ဆောင်းဘောက်ဆိုသည် လူငယ်များအကြား ဖုန်းဖြင့်ချိတ်ဆက်၍ သီချင်းဖွင့်ခြင်းပြုလုပ်နေကြသည့် ဖျော်ဖြေရေးပစ္စည်းတစ်ခုသာဖြစ်ပြီး ၊ယခုအရေးယူထားသည့်အမှုမှာ အစိုးရနှင့်အများပြည်သူ အပေါ် ထိခိုက်စေသောအပြုအမူနှင့် သက်ဆိုင်သည့်အမှုဖြစ်နေသဖြင့် နစ်နာနေရကြောင်း ဗညားအောင်၏အစ်မဖြစ်သူကပြောသည်ဘလူးတုဆောင်းဘောက်ပြုတ်ကျကျန်ရစ် စဥ် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ နောက်ထပ် လူငယ်၂ဦးဖြစ်သည့် အငယ်လေးနှင့်ကောင်းငြိမ်းကိုကို ဆိုသူတို့အား ရဲတပ်ဖွဲ့မှအရေးယူထားခြင်းမရှိဘဲ ဗညားအောင်တစ်ဦး၊ကိုသာခေါ်ယူစစ်ဆေးပြီး ၊အဖော်ဖြစ်သူကိုပါအမှုဖွင့်အရေးယူထားခြင်းဖြစ်သည်
ဝရဇိန်( ပေါင်)