နေပြည်တော် ဇွန် (၁၁)
ပြင်ဦးလွင် အနီးစခန်းအနီးပျက်ကျခဲ့သော တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်တွင် နစက ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပါဝင်သွားတယ်လို့
လူမှုကွန်ယက်မှာ သတင်းတွေ ထွက်နေတာနဲ့ပတ်သက်လို့ နစကရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံ့တာဝန်များ ထမ်းဆောင်နေလျှက်ရှိပြီး မြေယာမူဝါဒ အစည်းအဝေးကို ဒီကနေ့တက်ရောက်ခဲ့တယ်လို့ အသိပေး ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီကနေ့မှာ လေယာဉ်ပျက်ကျ မှုကြောင့် ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ ဈေးကုန်းဆရာတော်ဘုရားကြီးရုပ်ကလာပ်ကိုလည်း သွားရောက်ကြည်ညိုခဲ့ပြီး နိုင်ငံပိုင် (၈)နာရီသတင်းမှာ ၎င်း ရဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေမှု အခြေအနေတွေကို ထုတ်လွှင့်သွားမယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
ယနေ့ည ၈ နာရီ ကြေညာသော စစ်ကောင်စီ ဝါဒဖြန့်သတင်းများတွင် လူသတ်စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးလည်း သက်ရှိထင်ရှားရှိနေသည်ကို ပြသသွားပြီး စိုးဝင်းလည်း မြေယာ အစည်းအဝေးတက်ရောက်သည့်သတင်းကိုလည်း ကြေညာသွားသည်။
Popular News
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံ့တာဝန်များ ထမ်းဆောင်နေလျှက်ရှိကြောင်း နစက ထုတ်ပြန်
နေပြည်တော် ဇွန် (၁၁)
Popular News