11June 2021
PDF တပ်မဟာ (၅) ၊ တပ်မှုးငယ်သင်တန်း အပတ်စဉ်(၁) နှင့် မြို့ပြပြောက်ကျား အပတ်စဉ် (၇) သင်တန်းအောင်မြင်စွာဆင်းပြီ
BW ဇွန် ၁၁
PDF တပ်မဟာ (၅) ၊ တပ်မှုးငယ်သင်တန်း အပတ်စဉ်(၁) နှင့် မြို့ပြပြောက်ကျား အပတ်စဉ် (၇) သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါသင်တန်းဆင်းပွဲမှာPDF သင်တန်းဆင်းရဲဘော်များအတွက်သဝဏ်လွှာအားဖတ်ကြားပေးခဲ့တယ်လို့သိရပါတယ်။
ရဲဘော်တို့ဟာ တိုင်းပြည်အပေါ် နှစ်ရှည်လများ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေခဲ့တဲ့ စစ်အာဏာသိမ်းအုပ်စုကို အမြစ်ပြုတ်တော်လှန်ကြဖို့ သန္နိဌာန်ချပြီးရောက်လာသူတွေဖြစ်တယ်။
ရဲဘော်တို့စိတ်ဓာတ်နှင့်ရွေးချယ်မှုလုပ်ရပ်ဟာ အလွန်မွန်မြတ်တယ်လို့ ပြောလိုတယ်။ စစ်အုပ်စုဟာ ကြေးစားတပ်ဖြစ်ပြီး ရဲဘော်တို့ဟာ ပြည်သူ့သားကောင်း စစ်သည်တော်များဖြစ်တယ်။
ရုပ္သံၾကည့္ရန္
#ငါတို့နောက်မှာပြည်သူရှိတယ်
#ငါတို့နိုင်ရမယ်
ထွန်းအောင်ကျော် ဥက္ကဌ
အမျိုးသားကာကွယ်ရေးတပ်မတော်
Video – RFA
#bagowatchnews