သေနတ်ကိုင်ပြီး ပြန်လာမယ် အမေ
ရည်းစားထားဖို့ပဲသိတယ်ဆိုတဲ့ ကောင်ပါ အမေ။
တိရစ္ဆာန်လေးလို့ အမေ ချစ်စနိုးခေါ်တတ်တဲ့ တိရစ္ဆာန်လေးပါ အမေ။
ဖက်ရွက်ပေါ် ကျောခင်းပြီးငှက်ပျောအူကို စုပ်ရင်း ဒီစာကို ရေးလိုက်တာပါ။
ညဆို မိုးပေါ်က ကြယ်တွေကို ရေတွက်ရင်းအမေ့ကို လွမ်းရနေ့ဆို အာဏာရှင်ကိုတိုက်ဖို့ သေနတ်ပစ်လေ့ကျင့်ရင်းအားသစ်တွေ မွေးရပေါ့။
လေဟာ ဘာနဲ့မှ ပိတ်လို့မရသလို တော်လှန်ရေး စိတ်ဟာ ဘာနဲ့မှ တားလို့မရဘူးအမေ။
အမေ့ကိုမှ ကျောမခိုင်းရက်ရင် သေသွားတဲ့ လိပ်ပြာတွေကို ကျနော် ဘယ်လို မျက်နှာပြရမလဲ အမေ။
အသက်တချောင်းပဲ ပါတယ် …အဲဒီအသက်တချောင်းဟာ တော်လှန်ရေးအတွက်ပဲ
ဆေးလိပ်တွေ ခိုးမသောက်နဲ့လို့…အမေ ကျနော့်ကို ဆုံးမသလိုမျိုး
အာဏာကို ခိုးမယူနဲ့ လို့ …သူတို့ကို ဆုံးမလို့ မရဘူးအေမ။
လမ်းမပေါ်ရဲနေတဲ့ သွေးတွေဟာ..လူ့သွေး စစ်စစ်တွေပါ။
ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို..သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ။
အိပ်မပျော်လည်း မဖြစ်နဲ့၊
စားမဝင်လည်း မဖြစ်နဲ့၊
မြေခွေးစစ်စစ်တွေအတွက်
သီချင်းစစ်စစ်တွေ မလိုလို့
သေနတ်စစ်စစ် ကိုင်ပြီး ကျနော်ပြန်လာမယ် အမေ။
GZ များသို့ ဂုဏ်ပြုရေးသားပါသည်
လွတ်မြောက်နယ်မြေရောက်
#အမေ့သား