ေႏြဦးေတာ္လွန္ေရး တုိက္ပြဲမွာ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ ထပ္မလိုခ်င္ေတာ့တာေၾကာင့္ PDF အဖြဲ႕ဝင္ေတြကို တိုက္ပြဲနဲ႔ပတ္သက္ၿပီး အႀကံေပးလာတဲ့ လူငယ္တစ္ဦး
ရဲစြမ္းသတၱိရွိၿပီး အနစ္နာခံတတ္တဲ့ စိတ္ဓာတ္ရွိၾကတဲ့ လူငယ္ေတြကေတာ့ ျပည္သူေတြကိုကာကြယ္ဖို႔အတြက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြထဲကို ဝင္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ႏိုင္ငံနဲ႔ လူမ်ိဳးအတြက္ တာဝန္ေက်ပြန္ေနတဲ့
PDF အဖြဲ႕ဝင္လူငယ္ေတြက သူတို႔ခ်စ္တဲ့အရာေတြကို စြန႔္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္ ။ သူတို႔က စစ္ပညာေတြသင္ယူဖို႔အတြက္ ေတာထဲေတာင္ထဲမွာ ခက္ခက္ခဲခဲေနထိုင္ၿပီး ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္ ။
အခုလည္း PDF အဖြဲ႕ဝင္လူငယ္တစ္ဦးက တိုက္ပြဲဝင္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕အျမင္ကို သုံးသပ္တင္ျပထားတာ ျဖစ္ပါတယ္ ။ သူရဲ႕စာထဲမွာေတာ့ ပစ္မွတ္ႀကီးႀကီးေတြကို တိုက္ခိုက္တဲ့ေနရာမွာ ကိုယ့္ဘက္က လက္နက္အင္အားမျပည့္စုံေသးတာပဲျဖစ္ျဖစ္၊
ေပ်ာက္က်ားနည္းစနစ္ မကြၽမ္းက်င္ေသးတာျဖစ္ျဖစ္ ဒါမွမဟုတ္ နယ္ေျမအေနအထားက အတက္အဆုတ္လႈပ္ရွားဖို႔ မလြယ္ကူေသးတာမ်ိဳးဆိုရင္ မတိုက္ခိုက္တာပဲ ေကာင္းပါတယ္လို႔ ေျပာထားတာ ျဖစ္ပါတယ္ ။
သို႔ေပမယ့္ ပစ္မွတ္ကလြယ္ကူၿပီး သိုသိုသိပ္သိပ္နဲ႔ တက္လြယ္ ဆုတ္လြယ္တာမ်ိဳးဆိုရင္ေတာ့ လႈပ္ရွားၾကပါလို႔ သူကအႀကံေပးထားတာ ျဖစ္ပါတယ္ ။ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြ ထပ္မရွိေစခ်င္ေတာ့ဘဲ ဂုဏ္ျပဳရမယ့္ေတာ္လွန္ေရးသမားေတြသာ
ရွိေစခ်င္ေတာ့တာေၾကာင့္ အခုလိုေျပာရတာျဖစ္ေၾကာင္းကိုလည္း သူကရွင္းျပထားတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ PDF ေတြအားလုံးအတြက္ ဂုဏ္ယူရသလို စိတ္လည္းပူရတာေၾကာင့္
“ေသခ်ာတြက္ခ်က္ၿပီးမွ တိုက္ၾကေစခ်င္တယ္ အခ်ိန္တစ္ခုယူဖို႔ကို ဘယ္ေတာ့မွ ေနာက္က်တယ္မထင္ပါနဲ႔” ဆိုၿပီး ေျပာထားတာပဲ ျဖစ္ပါတယ္ ။
CRD_thutacollect
ယူနီကုတ္
နွေဦးတော်လှန်ရေး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မလိုချင်တော့တာကြောင့် PDF အဖွဲ့ဝင်တွေကို တိုက်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလာတဲ့ လူငယ်တစ်ဦး
ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ရှိကြတဲ့ လူငယ်တွေကတော့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်နေတဲ့
PDF အဖွဲ့ဝင်လူငယ်တွေက သူတို့ချစ်တဲ့အရာတွေကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ် ။ သူတို့က စစ်ပညာတွေသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ် ။
အခုလည်း PDF အဖွဲ့ဝင်လူငယ်တစ်ဦးက တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ် ။ သူရဲ့စာထဲမှာတော့ ပစ်မှတ်ကြီးကြီးတွေကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ့်ဘက်က လက်နက်အင်အားမပြည့်စုံသေးတာပဲဖြစ်ဖြစ်၊
ပျောက်ကျားနည်းစနစ် မကျွမ်းကျင်သေးတာဖြစ်ဖြစ် ဒါမှမဟုတ် နယ်မြေအနေအထားက အတက်အဆုတ်လှုပ်ရှားဖို့ မလွယ်ကူသေးတာမျိုးဆိုရင် မတိုက်ခိုက်တာပဲ ကောင်းပါတယ်လို့ ပြောထားတာ ဖြစ်ပါတယ် ။
သို့ပေမယ့် ပစ်မှတ်ကလွယ်ကူပြီး သိုသိုသိပ်သိပ်နဲ့ တက်လွယ် ဆုတ်လွယ်တာမျိုးဆိုရင်တော့ လှုပ်ရှားကြပါလို့ သူကအကြံပေးထားတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မရှိစေချင်တော့ဘဲ ဂုဏ်ပြုရမယ့်တော်လှန်ရေးသမားတွေသာ
ရှိစေချင်တော့တာကြောင့် အခုလိုပြောရတာဖြစ်ကြောင်းကိုလည်း သူကရှင်းပြထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် PDF တွေအားလုံးအတွက် ဂုဏ်ယူရသလို စိတ်လည်းပူရတာကြောင့်
“သေချာတွက်ချက်ပြီးမှ တိုက်ကြစေချင်တယ် အချိန်တစ်ခုယူဖို့ကို ဘယ်တော့မှ နောက်ကျတယ်မထင်ပါနဲ့” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။
CRD_thutacollect