News

“ကိုဗစ်-၁၉ပိုးရဲ့ မူလအစကို ပူးပေါင်းဖုံးကွယ်ခဲ့ကြတာကို ဒေါက်တာဖောက်ချီရဲ့ email တွေကဖော်ပြ”

ကိုဗစ်ကာလအစောပိုင်းတုန်းက တရုပ်အစိုးရရဲ့ ကိုင်တွယ်/တုန့်ပြန်ပုံတွေ ကြည့်ပြီး ဒီပိုးက သဘာဝကလာတာ ဖြစ်နိုင်ပါ့မလားလို့ ပုံမှန်တွေးတတ်သူတွေတိုင်း သံသယဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီသံသယကို ဖော်ထုတ်မေးမြန်းလာသူတိုင်းကို မီဒီယာတွေနဲ့ နိုင်ငံရေးစားဖားများက တိုက်ခိုက်ခဲ့ကြပါတယ်။

CDC က ဒေါက်တာဖောက်ချီကလည်း သဘာဝက လင်းနို့တွေမှာ တွေ့ရတဲ့ ပိုးတွေနဲ့ ဆင်လို့ သဘာဝကလာတယ်ဆိုတာမျိုး ပြောခဲ့ပါတယ်။ နောက်မှ ဖော်ထုတ်တွေ့ရှိလာကြတာက သဘာဝက လင်းနို့တွေမှာ လူမှာဖြစ်တဲ့ကိုဗစ်ပိုးကို လက်ခံနိုင်စွမ်းမရှိကြပါဘူး။

ဝူဟန်လက်ဘ်က သဘာဝအတိုင်းဖြစ်လာတဲ့ထဲက အပြင်းထန်ဆုံး လင်းနို့တွေကပိုးကို ယူပြီး လူ့ခန္ဓာကိုယ်မှာ အလွယ်တကူစွဲကပ်နိုင်၊ လျင်မြန်စွာပွားနိုင်၊ ပြင်းထန်တဲ့ဆိုးကျိုးတွေ ပေးနိုင်တဲ့အပြင် လူအချင်းချင်း ကူးစက်ဖို့လည်း လွယ်အောင် ပြုပြင်မွေးမြူယူခဲ့ကြတာပါ။ အဲဒီတော့ သဘာဝကလာတယ်ဆိုတာက မမှားပေမဲ့ မမှန်ဘူးလို့ ပြောလို့ရပါတယ်။

ပြဿနာက ကိုဗစ်ပိုးက ဝူဟန်ပိုးမွှားသုတေသနဓါတ်ခွဲခန်း (WIV)က လာတယ်ဆိုတာကို ဖုံးဖိကာကွယ်ဖို့အတွက် အထင်ကရ သိပ္ပံပညာအဖွဲ့အစည်းတွေက ဆောင်းပါးတွေရေး၊ အဲဒီဆောင်းပါးတွေကို တရုပ်လက်ဝေခံမီဒီယာတွေက ဝေဝေဆာဆာ အကြိမ်ကြိမ်ဖော်ပြကြခြင်းဖြင့် ဓါတ်ခွဲခန်းကလာတဲ့ပိုးဆိုတဲ့ အယူအဆဖွင့်ဟသူတွေကို အခြေအမြစ်မရှိ ထင်ရာပြောနေသူတွေ၊ လူမျိုးရေးခွဲခြားသူတွေလို ဖြစ်အောင် ဝိုင်းဝန်း ပုံဖော်ခဲ့ကြပါတယ်။

အဲဒီထဲက အထင်ရှားဆုံး ဆောင်းပါး ၂ခုကတော့ the National Academies of Sciences, Engineering, Medicine (NASEM) က ခေါ်ယူလာခဲ့တဲ့ “ကျွမ်းကျင်သူပညာရှင်များအဖွဲ့”က ရေးသားခဲ့တာပါ။ အဲဒီအဖွဲ့အစည်းကို အိမ်ဖြူတော်တာဝန်ရှိသူတွေက ကိုဗစ်ပိုးရဲ့ဇစ်မြစ်ကို ဖော်ထုတ်ပေးဖို့တောင်းဆိုလို့ ရေးသားခဲ့ကြတာပါ။

၂၀၂၀ အစောပိုင်းကဟားဗတ်တက္ကသိုလ်က ပါမောက္ခတဦးကို တရုပ်အစိုးရဆီက သုတေသနလုပ်ငန်းတွေအတွက် ပိုက်ဆံယူထားတာကို ဖုံးဖိထားလို့ တရားစွဲခံခဲ့ရပါတယ်။ သူက တရုပ်ရဲ့ Thousand Talents Plan နဲ့ (အမေရိကန်)နည်းပညာတွေ ဖန်တီးမှုတွေကို တရုပ်ပြည်အတွက် အလုပ်လုပ်ပေးဖို့ မျှားခေါ်တဲ့အစီအစဥ်မှာ ပါဝင်နေတယ်လို့ အစွပ်စွဲခံထားရပါတယ်။

Charles Leiber က ဟားဗတ်က ဓါတုဗေဒနဲ့ ဓါတုဇီဝဗေဒပညာဌာနရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ မနေ့ကလည်း တန်နက်ဆီတက္ကသိုလ်ရဲ့ စက်မှု၊ လေကြောင်းနဲ့ ဇီဝဆေးအင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခ Anming Huက အမေရိကန်အစိုးရဆီက သုတေသနအတွက် grant ရယူထားချိန်မှာ တရုပ်တက္ကသိုလ်တခုအတွက် အလုပ်လုပ်ပေးနေတာကို ဖုံးဖိထားခဲ့လို့ အမှုရင်ဆိုင်နေရပါတယ်။ Hu ရဲ့ကိုယ်စား University of Tennessee က NASA ထောက်ပံ့ပေးထားတဲ့ ပရောဂျက်တခုရအောင် ကြိုးစားပေးနေတာပါ။ Hu က UT ကိုတော့ တရုပ်အစိုးရနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ လိမ်ထားတာပါ။ ဒါတွေက ပညာရှင်လောကမှာ တရုပ်အစိုးရရဲ့ ဒလံတွေ ဝင်ရောက်ထိုးဖောက်နေမှုရဲ့ ဥပမာတချို့ပါ။

အဲဒီလို ပညာရှင်တွေရော မီဒီယာတွေ နိုင်ငံရေးစားဖားတွေပါ ပေါင်းပြီး ဝူဟန်ပိုးဟာ သဘာဝကလာတယ်ဆိုတဲ့ သီအိုရီကို စခဲ့တာက ၂၀၂၀ ဖေဖော်ဝါရီတုန်းက the National Institute of Allergy and Infectious Diseases (NIAID) Director Dr. Anthony Fauci၊ နဲ့ the British Wellcome Trust Director Dr. Jeremy Farrar တို့ ဦးဆောင်ပြုလုပ်တဲ့ တယ်လီကွန်ဖရန့်စ်ကဖြစ်ပါတယ်။ အဲဒီ”ပညာရှင်”တွေရဲ့ အစည်းအဝေးအပြီးမှာတော့ ကိုဗစ်ပိုးဟာ ဝူဟန်လက်ဘ်ကလာတာ ဖြစ်နိုင်တယ်ဆိုတဲ့ ဆွေးနွေးမှုမှန်သမျှကို မီဒီယာတွေ၊ ဖောက်ချီတို့လို ကျန်းမာရေးအရာရှိတွေနဲ့ WHO ကပါ တက်တက်ကြွကြွဖိနှိပ်လာကြပါတယ်။

ပထမဆောင်းပါးက လူထုဆီကို အိတ်ဖွင့်ပေးစာသဘောမျိုး ၂၀၂၀ ဖေဖေါ်ဝါရီ၁၉မှာ ဖော်ပြခဲ့ပြီး သိပ္ပံပညာရှင်တွေတော်တော်များများ လက်မှတ်ထိုးခဲ့ကြတာပါ။ US Right to Know က Freedom of Information Act အရ တောင်းခံခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ရက်မနက်စာစော email မှာတော့ EcoHealth Alliance က ဥက္ကဋ္ဌ Peter Daszak က တရုပ်ပြည်က သိပ္ပံပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးနဲ့ အတူတူသွေးစည်းညီညွတ်စွာ ရပ်တည်ကြဖို့ စာကြမ်းရေးလှုံ့ဆော်ခဲ့ပါတယ်။

EcoHealth Alliance က ဖောက်ချီရဲ့ NIAID ကနေ ဒေါ်လာ ၃.၇သန်း ရံပုံငွေရထားခဲ့ပြီး အဲဒီထဲက ဒေါ်လာ ၆သိန်းက WIV ကိုပေးပို့ခဲ့တာပါ။ Daszak ရဲ့ စာမှာ အခုလိုပိုးပြန့်ပွားနေတဲ့အချိန်မျိုးမှာ ပိုးရဲ့ဇစ်မြစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပွင့်လင်းမြင်သာဝေမျှကြတာကို ကောလဟလတွေနဲ့ သတင်းအမှားတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ပိုးဟာ သဘာဝမဟုတ်တဲ့ ဇစ်မြစ်ကလာတယ်ဆိုတဲ့ ကောလဟလတွေ၊ လုပ်ကြံသတင်းတွေကို အပြင်းအထန် ရှုတ်ချကြောင်းကို သိပ္ပံပညာရှင် ၂၇ဦးက ညီညီညွတ်ညွတ်ရပ်တည်ပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။ သူတို့ဟာ အဲဒီလို ပူးပေါင်းကြံစည်ခဲ့ကြသော်ငြားလည်း ပြည်သူတွေ မယုံမှာစိုးတဲ့အတွက် ပူးပေါင်းကြံစည်တဲ့ပုံ မပေါက်အောင်တော့ သတိထားခဲ့ကြပါတယ်။

လက်မှတ်ထိုးခဲ့ကြသူတွေထဲက အများစုက EcoHealth Alliance မှာလုပ်သူတွေ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အဲဒီကနေ ရန်ပုံငွေယူပြီး သေစေနိုင်တဲ့ ပိုးတွေကို သုတေသနလုပ်ခဲ့ကြသူများ ဖြစ်ပြီး လက်မှတ်ထိုးသူ ၅ဦးကတော့ Farrar ရဲ့ Wellcome Trust က ဖြစ်ကြပါတယ်။ ဘိုင်ဒန်ကတော့ သူတို့ထုတ်ပြန်ချက်ကို scientific consensus လို့ ရည်ညွှန်းပါတယ်။

အဲဒီ Daszak က ဒီနှစ် ဖေဖော်ဝါရီမှာ WHO ကဦးစီးလုပ်တဲ့ ကိုဗစ်မူလဘူတရှာဖွေရေး အစီအစဥ်မှာလဲ ပင်မအဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။ ဝံပုလွေကို ကြက်ခြံစောင့်၊ သူခိုးကို ဘဏ္ဍာထိန်းလုပ်ခိုင်းသလိုပါပဲ။ တနိုင်ငံလုံးကနေ တကမ္ဘာလုံးအထိ ထိခိုက်သေကျေဆုံးရှုံးမှု များစွာဖြစ်စေနိုင်တဲ့ ဂျင်းအကြီးစားကြီးကို စုပေါင်းလက်ဝါးရိုက် အချိန်ကိုက်ထည့်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။

ဒုတိယဆောင်းပါးဖြစ်တဲ့ The Proximal Origin of SARS-CoV-2” ကိုတော့ ၂၀၂၀ မတ်လ ၁၇မှာ သိပ္ပံအသိုင်းအဝိုင်းအတွက် ထုတ်ဝေတဲ့ Nature ဂျာနယ်ကနေ ဖြန့်ဝေခဲ့တာပါ။ အဲဒီဆောင်းပါးကို ဦးဆောင်ရေးသားသူက Kristian Andersen ဖြစ်ပါတယ်။

သူကတော့ အခုအခါမှာ နောက်သုတေသီ ၄ဦးလိုပဲ သူ့တွဒ်တာအကောင့်ကို ပိတ်သိမ်းသွားပြီဖြစ်ပါတယ်။ ပါဝင်ရေးသားခဲ့တဲ့ သုတေသီ ၅ဦး အနက် ၄ဦးဟာ Fauci-Farrar teleconference မှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ ၂၀၂၀ ဖေဖော်ဝါရီ ၁ရက်က Farrar ရဲ့ email မှာ လှို့ဝှက်အနေနဲ့ ဖော်ပြထားပါတယ်။ ကျန်တဦးကတော့ သူပါဝင်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

Daszak က သူ့ရဲ့စာကြမ်းကို ဆေးပညာဂျာနယ်တခုဖြစ်တဲ့ Lancet မှာမဖြန့်ခင် ၂၀၂၀ ဖေေဖာ်ဝါရီ၃ရက်နေ့မှာ NASEM က ကြီးမှုးကျင်းပပြီး FBI အရာရှိတွေ၊ National Intelligence Director ရုံးနဲ့အတူ National Institutes of Health နဲ့ the Department of Health and Human Services က အရာရှိတွေ ပါဝင်တဲ့ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီ အလျင်စလိုလုပ်လိုက်တဲ့ အစည်းအဝေးက အိမ်ဖြူတော် သိပ္ပံနဲ့နည်းပညာပေါ်လစီရုံးက ဒါရိုက်တာ Kelvin Droegemeier က the NASEM ကို ကိုဗစ်၁၉ပိုးရဲ့ မူလအစကို ကူညီဆုံးဖြတ်ပေးဖို့ တောင်းဆိုချက်အရ နေ့ချင်း ကျင်းပခဲ့တာဖြစ်ပါတယ်။

The NASEM အစည်းအဝေးကတော့ Fauci-Farrar teleconference အပြီး ၂ရက်အကြာမှာ ပြုလုပ်တာဖြစ်ပါတယ်။ Open records requests ကြောင့် ထွက်လာတဲ့ Fauci email တွေမှာတော့ teleconference က ၂၀၁၅ နိုဝင်ဘာ ၉ရက်နေ့မှာ the Nature ဂျာနယ်မှာပါတဲ့ သိပ္ပံဆောင်းပါးတပုဒ်ဖြစ်တဲ့ ဝူဟန်ပိုးမွှားသုတေသနဓါတ်ခွဲခန်းမှာလုပ်တဲ့ လူနဲ့ သတ္တဝါခုခံအားဗီဇတွေ ပေါင်းစပ်ပြုပြင်ထားတဲ့ Gain-of-Function စမ်းသပ်ချက်တွေကို ကြွက်တွေမှာ ပြုလုပ်နေတာနဲ့ အဲဒီသုတေသနကို ဒေါက်တာဖောက်ချီရဲ့ အဖွဲ့အစည်းက ရံပုံငွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ဆောင်းပါးကို ရည်ညွှန်းပါတယ်။ အဲဒီအစည်းအဝေးဟာ ၁နာရီလောက်ကြာပြီး ဖောက်ချီက ၁၀မိနစ်လောက် presentation ပြုလုပ်ခဲ့ပါတယ်။ Daszak နဲ့ Andersen တို့လည်း ပါဝင်ခဲ့ပါတယ်။

အခုအခါ လက်မှတ်ထိုးခဲ့သူတွေထဲက ဖေဖေါ်ဝါရီ ၁ရက်နေ့ teleconference မှာ မပါဝင်သူတွေကတော့ ကိုဗစ်ပိုးရဲ့ မူလအစနဲ့ ပတ်သက်ပြီး စိတ်ပြောင်းသွားပြီဖြစ်ပါတယ်။ Stanley Perlman က ပိုးက lab ကလာတယ်ဆိုတဲ့ အယူအဆကို ထည့်စဥ်းစားရမယ် လို့ ပြောနေသလို Charles Calisher က ပိုးက lab ကလာတာဆိုတာကို လုပ်ကြံ/ကောလဟလပုံစံမျိုး ပြောကြတာဟာ တဆိတ်လွန်လွန်းတယ်လို့ ဆိုနေပါပြီ။

Peter Palese ကတော့ သေချာစုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ မှတ်သားစရာအကောင်းဆုံးကတော့ University of Chicago က ပါမောက္ခ Bernard Roizman ပြောတဲ့ ပိုးက lab ကနေ ဝန်ထမ်းတွေ နမော်နမဲ့နိုင်လို့ ထွက်သွားတာပါ၊ သူတို့ကအဲဒါကို ဝန်မခံချင်ဘူးလို့ ပြောပါတယ်။ ပြောပုံတွေကတော့ ခုမှသိတဲ့ပုံစံတွေ ဟုတ်ပုံမရပါဘူး။ ပညာရှင်တွေပြောတာဆိုတိုင်းလဲ စုံမှိတ်မယုံသင့်တဲ့ သာဓကပါပဲ။

မူရင်းသတင်းတွေကတော့ the Epoch Times ကယူတာပါ။ စာရှည်ပေမဲ့ အသေးစိတ်ထည့်ပေးရတာကတော့ နှာစေးနေကြသူများ အမှန်ကို လက်မခံနိုင်ကြသူများအတွက် ကိုယ့်ကိုယ်ကို ဆက်မညာကြစေလိုလို့ပါ။ အရှိကို အရှိအတိုင်း မမြင်နိုင်ရင် ပေးဆပ်ရမယ့်/ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ကြီးလွန်းပါတယ်။

#TinOmmaMyo