News

“မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ဒဿမ ၃သန်းလှူဒါန်းမယ့် တောင်ကိုရီးယားနိုင်ငံ”

ကိုရီးယားသမ္မတနိုင်ငံကမြန်မာနိုင်ငံရှိလူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ဒဿမ၃သန်း လှူးဒါန်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ သံရုံးက ယနေ့(ဇွန်လ ၁၀ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုသည် ၂၀၂၁ ခုနှစ်တစ်လျှောက်တွင် မြန်မာနိုင်ငံအတွင်း အကူအညီအထူးလိုအပ်လျက်ရှိသည့် နေရာဒေသများ၌ UNHCR နှင့် WFP တို့ ‌ဆောင်ရွက်ကြမည့် အထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ကာ

UNHCR သည် ရခိုင်ပြည်နယ်မှ ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများ မိုးရာသီကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အခြေအနေများမှကာကွယ်ပေးနိုင်ရန်အတွက် နေအိမ်အမိုးအကာများအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအပြင် စစ်တွေမြို့ရှိ စခန်းပေါင်း၂၁ခုမှ နေရပ်စွန့်ခွာပြည်သူများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများ ကိုလည်းရရှိမည်ဖြစ်ကာ

ယင်းတို့၏ လူမှုအသိုက်အ၀န်းများအားကိုယ်စားပြုနိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ အရင်းအမြစ်များကိုစုဆောင်းခြင်းနှင့် ရပ်ရွာဦးဆောင်သောလှုပ်ရှားမှုများအား ပံ့ပိုးကူညီ ပေးခြင်း၊ နေအိမ်အမိုးအကာနှင့် ရပ်ရွာလူထု၏ခံနိုင်ရည်ရှိမှု အတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းများမှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူပေါင်း ၁၂၄,၀၀၀ အတွက် အကျိုးခံစားခွင့်ရရှိစေရေး မြန်မာနိုင်ငံတစ်၀ှန်းလုံးရှိထိခိုက်ခံစားနေရသည့်ပြည်သူများအတွက် UNHCRမှ အသက်ကယ်အကူအညီများနှင့် အရေးပေါ်အကူအညီများပိုမိုပေးအပ်နိုင်ရန်အားထုတ်လုပ်ဆောင်မှုအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်းကုလသမဂ္ဂ(မြန်မာ) ကဆိုသည်။

ဆက်လက်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုဖြင့် WFP ကလည်း ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးရှိ အနွမ်းပါးဆုံးနှင့် ထိခိုက်အလွယ်ဆုံးသောမြို့နယ်များတွင် မြင့်တက်လာနေသည့် အငတ်‌ဘေးကို ဖြေရှင်းရန် အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့များကို ပေးအပ်သွားမည်ကာ မြို့ပြနှင့် မြို့စွန်ဒေသများရှိ လူဦးရေ (၂) သန်းကျော်ကို ကူညီလျက်ရှိသည့် ၎င်း၏ မြို့ပြအထောက်အပံ့စီမံကိန်းကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး

နေထိုင်မှုအတည်တကျမရှိသေးသည့် အခြေချသူများနှင့် နဂိုကပင် ထိခိုက်လွယ်သည့်အခြေအနေရှိသည့် မြို့နယ်များကို ဦးစားပေး၍ ကူညီထောက်ပံ့လျက်ရှိကြောင်း ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံ၏ ရက်ရောသည့် လှူဒါန်းမှုဖြင့် WFP သည် ရခိုင်ပြည်နယ်ရှိ စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ထိခိုက်လွယ်သူများနှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းများ အပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော်အား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ယခုလှူဒါန်းမှုသည် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ လူဦးရေ ၃၂၀,၀၀၀ အတွက် WFP က လစဉ်‌ပေးအပ်နေသည့် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ သို့မဟုတ် ငွေသား အထောက်အပံ့များကို ထပ်မံအားဖြည့်ပေးမည်ဖြစ်ကြောင်း UN(Myanmar)က သတင်းထုတ်ပြန်ထားသည်။

News Watch TV