ဗေဒင်

“၂၀၂၁ ခုနှစ် ၊ ဇွန်လ အတွက် စနေ သားသမီးးမျာရဲ့ ကံကြမ္မာ ဟောစာတမ်း”

စနေနေ့ သားသမီးများ….💜💐❤💐💚💐

၂၀၂၁ ခုနှစ် ဇွန်လအတွင်း စနေနေ့ သားသမီးများဟာ…

ယခုကာလအတွင်း အစစအရာရာ အဆင်ပြေအေးချမ်းမှုများကြုံတွေ့ခံစားရမည့်အချိန်ကာလဖြစ်ပါတယ်။ မိမိတွင်အခတ်အခဲများကြုံတွေ့ရပါက မိမိကို ကူညီမယ့်သူများ ပေါ်လာတက်ပါတယ်။

ယခုကာလတွင် လက်စွပ် လက်ကောက် ခြေကျင်း များ ဝယ်ခြင်း သို့မဟုတ် ဝတ်ဆင်ခြင်းမပြုပါနှင့် ၎င်းတို့​ ​နှင့်ပတ်သတ်၍ စိတ်သောကများရတက်ပါတယ်။

လူငယ်များ အချစ်ရေးအထူးကံကောင်းသော အချိန်ဖြစ်ပါတယ်။ ချစ်သူမရှိသူများ ချစ်သူရရှိတက်ပြီး လက်ထပ်ရန်ရည်ရွယ်ထားသူများ အိမ်ထောင်ကျတက်ပါတယ်။ စိတ်ထဲတွင် အလုပ်ကိစ္စများနှင့်ရှုပ်​ထွေးနေတက်သော်လည်း မိမိကြိုးစားသမျှအရာထင်အဆင်ပြေမည့် အချိန်ကာလဖြစ်ပါတယ်။

ငွေကြေးကိစ္စများ အဆင်ပြေ၍ ဝင်ငွေကောင်းမည့်အချိန်ကာလဖြစ်ပါတယ်။ ငွေကြေးအထွက်များလည်းရှိနေတက်သဖြင့် ငွေကြေးသုံးစွဲမှု သထိထားသင့်သည့် အချိန်ကာလဖြစ်ပါတယ်။

စီးပွားရေး ဆိုင်ရာ လုပ်ငန်းကိစ္စများ အစပျိုးလုပ်ကိုင်သင့်သည့်အချိန်ဖြစ်ပါတယ်။ ဘာဘဲလုပ်လုပ်ရဲဲရဲပြုလုပ်ပါက အောင်မြင်မှုရရှိမည့်အချိန်ဖြစ်ပါတယ်။

ကောင်းသောကံကိုပိုမိုကောင်းမွန်စေရန်အတွက် သပြေပန်း၁၀ ညွှန်အား နေအိမ်ဘုရားတွင်လှူခြင်းဖြင့်ကံတရား၏ အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။

အကျိုးပေး ဂဏန်းများမှာ ၁ဂဏန်း ၊ ၂ ဂဏန်း၊ ၅ ဂဏန်းတို့ဖြစ်ပါတယ်။ စနေနေ့သားသမီး များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ….🙏🙏🙏

ဆရာဦးဘိုနိုင်( ဗေဒင်)

သီးသန့် ဗေဒင်မေးလိုပါက ..

Cb(or) viber (or) ph-09428121824 တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ် See Less