ဗေဒင်

“၂၀၂၁ ခုနှစ် ၊ ဇွန်လ အတွက် သောကြာ သားသမီးးမျာရဲ့ ကံကြမ္မာ ဟောစာတမ်း”

သောကြာနေ့ သားသမီးများ….💜💐❤💐💚💐

၂၀၂၁ ခုနှစ် ဇွန်လအတွင်း သောကြာ နေ့ သားသမီးများဟာ…

ယခုကာလသည် ယခင်ကမိမိမျော်လင့်ထားခဲ့​သောရည်မှန်းချက် ဆန္ဒများထမြောက်အောင်မြင်မည့် အချိန်ကာလဖြစ်ပါတယ်။ ရာထူး ၊ နေရာအလုပ် အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါလိမ့်မည်။

အထက်အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖတ်များ၏ ယုံကြည်လေးစား ခြင်း နေရာပေး ချီးမြှောက်ခြင်းများကြုံတွေရတက်ပါတယ်။

အဖွဲအစည်းများနှင်ပတ်သတ်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်စေပြီး အကျိုးအမြတ်များရရှိတက်ပါတယ်။ အိုး ပြောင်း ၊ အိမ်ပြောင်း နေရာပြောင်း ဌာနပြောင်း များကြုံတွေရတက်ပါတယ် ။

နိုင်ငံခြား ခရီးသွားရန်ကိစ္စများရှိက အဆင်ပြေမှုများ ကြုံတွေ့ရတက်ပါတယ်။ ယယီခရီးများထွက်ရတက်ပါတယ်။ စိတ်ထဲတွင် တွေဝေမှုများ မကြာခဏ ကြုံတွေရတက်သော်လည်း ခိုင်မာသေချာသောဆုံးဖြတ်ချက်များနှင့်ဆောင်ရွတ်ပါက အောင်မြင်မှုများရရှိခံစားရမည့် အချိန်ကာလဖြစ်ပါတယ်။

ရာထူးတိုးနှင့် အလုပ်အကိုင်လျှောက်ထားသူများ အဆင်ပြေအောင်မြင်မှုများရရှိတက်ပါတယ်။ ကျန်းမာရေး အနည်းငယ် ချူခြာနေ တက်သော်လည်း ဆေးရုံဆေးခန်းသွားရသည်အထိတော့ မစိုးရိမ်ရပါဘူး။

ကောင်းသောကံကို ပိုမိုကောင်မွန်စေရန်အတွက် ထန်းလျှက်ခဲ ၂၁ လုံးအား နေအိမ်ဘုရားတွင်လှူခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေပါမည်။ ဤ ကာလအတွင်း အကျိုးပေးသော ဂဏန်းများမှာ ၂ ဂဏန်း ၊ ၅ ဂဏန်း ၆ဂဏန်းတို့ဖြစ်ပါတယ်။

သောကြာနေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ….🙏🙏🙏

ဆရာဦးဘိုနိုင်( ဗေဒင်)

သီးသန့် ဗေဒင်မေးလိုပါက ..

Cb(or) viber (or) ph-09428121824 တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ် See Less