အင်္ဂါနေ့ သားသမီးများ….💜💐❤💐💚💐
၂၀၂၁ ခုနှစ် ဇွန်လအတွင်း အင်္ဂါနေ့ သားသမီးများဟာ…
ယခုအချိန်ကာလအတွင်းတွင် လူချစ်လူခင်ပေါများသော အချိန်ကာလဖြစ်ပါတယ်။ မိတ်ဆွေသစ် သူငယ်ချင်းသစ် အပေါင်းအသင်းသစ် လုပ်ငန်းကိုင်းငန်းအသစ်တွေနဲ့ တွေ့ကြုံ၍ အဆင်ပြေအေးချမ်းမည့်အချိန်ကာလ ဖြစ်ပါတယ်။
လူငယ်များတွင် ချစ်သူမရှိသူများ ချစ်သူအသစ် ရရှိတက်ခြင်း၊ အိမ်ထောင်ပြုရန်ရည်ရွယ်ထားသူများ အိမ်ထောင်ကျတက်သောအချိန်ကာလဖြစ်ပါတယ်။
အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေအေးချမ်းမည့်အချိန်အခါဖြစ်ပါတယ်။ နိုင်ငံခြား လူမျိုးခြား သူစိမ်း တို့၏ အကူအညီများရရှိခံစားရတက်ပါတယ်။
ခရီးသွားရတက်ပြီး အဆင်ပြေအောင်မြင်သော ခရီးဖြစ်တက်ပါတယ်။ လက်ဝတ်ရတနာများ မဝယ်ပါနှင့် လက်ဝက်ရတနာများနှင့်ပတ်သတ်၍ စိတ်ပူပင်သောကများရတက်ပါတယ်။ အထက်အကြီးအကဲ များနှင့်အဆင်မပြေဖြစ်တက်ပြီး လက်အောက်ငယ်သားများ၏ အကူအညီရရှိတက်ပါတယ်။
ငွေကြေးနှင့်ပတ်သတ်၍ ငွေဝင်ကောင်းသော်လည်း ငွေအထွက်များလည်း ရှိနေတက်၍ ငွေကြေးအသုံးအစွဲ သတိထားသင့်ပါတယ်။ ယခုကာလတွင် အုန်းပန်း ၈ ညွန့်အား အိမ်ဘုရားတွင်လှူခြင်းဖြင့် ကောင်းသော ကံကို ပိုမိုကောင်းမွန်စေသော အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။
အကျိုးပေး ဂဏန်းများမှာ ၀ ဂဏန်း ၊ ၅ ဂဏန်း ၊ ၆ ဂဏန်း တို့ဖြစ်ပါတယ်။ အင်္ဂါသား သမီးများအားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…
ဆရာဦးဘိုနိုင် (ဗေဒင်)
သီးသန့် ဗေဒင်မေးလိုပါက ..
Cb(or) viber (or) ph-09428121824 တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ် See Less