ဗေဒင်

“၂၀၂၁ ခုနှစ် ၊ ဇွန်လ အတွက် တနင်္ဂနွေသား သမီးများရဲ့ ကံကြမ္မာ ဟောစာတမ်း”

တနင်္ဂနွေနေ့ သား သမီးများ…💜💐💚💐❤💐

၂၀၂၁ ခုနှစ် ဇွန်လ တစ်လ အတွင်း တနင်္ဂနွေသား သမီးများဟာ…..

ယခုအချိန်ကာလအတွင်း ဆုံးဖြတ်ချက်တွေခိုင်မာပြက်သားဖို့လိုအပ်ပါတယ်။ အရာရာ အတိုက်အခံတွေကြားက လှုပ်ရှားရုန်းကန်ပြီးကာမှ အောင်မြင်ရတက်ပါတယ်။ မိမိအနေဖြင့် စိတ်ထဲတွင်အလုပ်ကိစ္စတွေနဲ့ရှုပ်ထွေးနေတက်ပြီး ဆုံးဖြတ်ချက်များမှားယွင်းပါက မိမိရရှိမည့်အခွင့်အရေးများကို သူတစ်ပါးမှရရှိသွားတက်ပါတယ်။

လုပ်ငန်းအပြောင်းအလဲဆောင်ရွတ်လိုပါ ထမြောက်အောင်မြင်မှုများရရှိပါမည်။ အိုးပြောင်း ၊ အိမ်းပြောင်း ၊ နေရာပြောင်း၊ ဌာနပြောင်း ၊ အိပ်ယာ ပြောင်းကြုံတွေရတက်ပါတယ်။ ခရီးသွားလုပ်ငန်းများ အဆင်ပြေချောမွေ့မှုရရှိပါမည်။ အသား ညို သူ ရုပ်မလှသူများနှင့် သတိထားပေါင်းသင်းပါ ထိုသူတို့နှင့် ပတ်သတ်၍ အဆင်မပြေခြင်း၊ ထိုသူတို့ကြောင့် အမှုကိစ္စ များကြုံရခြင်းများဖြစ်တက်ပါသည်။

လုပ်ငန်းကိစ္စများ စကားအခြေအတင်ပြောဆိုရတက်သည်။ ဆုံးဖြတ်ချက်ခိုင်မာ၍ ကြိုးစားဆောင်ရွတ်ပါက အစစအရာရာ အဆင်ပြေအောင်မြင်မည်။ အချစ်ရေး အိမ်ထောင်ရေးတွင် မိမိ ချစ်သူ အိမ်ထောင်ဖတ်အပေါ် စိတ်အလိုမကျမှုများ ခံစားရခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ရေး အပြောင်းအလဲများ ကြုံတွေရတက်ပါသည်။ ကျန်းမားရေး အနည်းငယ်ညံ့တက်ပြီး ဆိုးဆိုးရွားရွားထိတော့ ​မဖြစ်နိုင်ပါ။

ငွေချေးမိပါက ပြန်ရဖို့ခတ်ခဲနေတက်ပါတယ်။

ရင်းနှီးမြုတ်နှံထားသောငွေများ ငွေပြန်ပေါ်ဖို့ ခတ်ခဲနေတက်ပါတယ်။ ငွေကြေးနှင့်ပတ် လွယ်လွယ်မယုံကြည်မိပါစေနှင့် အလိမ်အညာများနှင့်ကြုံတွေရတက်ပါတယ်။ အဓိကအားဖြင့် စိတ်ဓာတ်မကျပါနှင့် တက်တက်ကြွကြွဆောင်ရွက်လုပ်ကိုင်ပါက အရာရာအဆင်ပြေအောင်မြင်နိုင်မည့်အချိန်ကာလဖြစ်ပါတယ်။

ယခုကာလအတွင်း စံပယ်ပန်း ၆ ကုံးအား နေအိမ်ရှိဘုရားတွင် လှူဒါန်းခြင်းဖြင့် ကံတရား၏ အထောက်အပံကိုရရှိစေနိုင်ပါသည်။

အကျိုးပေးနိုင်မည့် ဂဏန်းများမှာ ၁ ၊ ၄ ၊၅ တို့ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများ အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ…..

ဆရာဦးဘိုနိုင် (ဗေဒင်)

သီးသန့် ဗေဒင်မေးလိုပါက ..

Cb(or) viber (or) ph-09428121824 တွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်