မျက်လုံးကွယ်တော့မလို ဖြစ်ပြီး အရမ်းဒုက္ခရောက်နေတဲ့ လူကြမ်း သရုပ်ဆောင် ဦးဘဂျမ်း အတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ဝေလု
“ဦးဘဂျမ်းကြီး အဆင်မပြေဖြစ်နေလို့´´ဆိုပြီး ညက ကျွန်တော့်ကိုလာပြောကြတယ်
post တွေ share ကြတာလည်းတွေ့ရပါတယ် ..ကျွန်တော် မနေနိုင်ပြန်ပါဘူးဗျာ
ကျွန်တော်တတ်နိုင်တာလေးတွေ တတ်နိုင်သလောက်လေးတွေအပြင် ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ကျွန်တော်ရတဲ့ သာရေး နာရေးကူညီထောက်ပံ့ငွေ ခွဲတမ်းလေးကိုပါ
ဉီးဘဂျမ်းအတွက်ကူညီလှူဒါန်းပေးခဲ့ပါတယ် ..ဦးဘဂျမ်းမို့ အနုပညာသမားမို့လူကြမ်းသရုပ်ဆောင်မို့အဲလိုတွေ မဟုတ်ပါဘူး…ကူညီပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အကူအညီလာတောင်းကြတဲ့သူတွေရဲ့မျှော်လင့်ချက်လေးကို ဖြည့်ပေးချင်တဲ့ စိတ်ကြောင့်ပါ
ကျွန်တော်က ကွက်လပ်ဖြည့်တဲ့
ဝေလု ပါ 👁 🦽 🎬 🚗
( လောကသားတွေထဲကလူတွေ စာနာစိတ်နဲ့ ကူညီထောက်ပံ့ပေးချင်တဲ့သူတွေအတွက် ဉီးဘဂျမ်းဖုန်းနံပါတ်လေးပါ
Ph ; 09 428170862 ) လို့ သူ့ရဲ့ လူမူကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။