မဇ္ဈိမ၊ဇွန်-၁၀
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊အနီးစခန်း လျှပ်စစ်ခွဲရုံနဲ့သံမဏိစက်ရုံကြားမှာ ဒီနေ့ ဇွန် ၁၀ရက်၊မနက်ပိုင်းက လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ပြီး အနည်းဆုံး ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“၁၂ယောက်ပါတယ်။ ရှစ်ဦးသေတယ်။ကျန်တာ ဒဏ်ရာရတာပေါ့။ကျွန်တော်တို့ အသင်းကို ဆက်သွယ်တာတော့ ဒါပဲသိရသေးတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆက်လက်ပြီးသူက “ဒီမှာက ရာသီဥတုမိုင်းနေတယ်။အဆင်းမှာ ဖြစ်တာပါ။”လို့ပြောတာပါ။
သေဆုံးသူများတွင် စစ်ကောင်စီတပ်အဆင့်မြင့်စစ်ဘက်အရာရှိကြီးများပါဝင်သည်ဟု ကနဦးသတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပါ။ လက်ရှိမှာ ကယ်ဆယ်ရေးဆောင်ရွက်နေသည်/
အခြား ဒေသခံ တစ်ဦးကလည်
“EPC အနားသံစက်ရုံထဲပျက်ကျတယ်ပြောတယ်။ သွားကြည့်လို့မရဘူး။ စစ်တပ်နဲ့ပိတ်ဆို့ထားတယ်။ အဲဒီဘက်ကို။ မီးသတ်တွေ ကယ်ဆယ်ရေးတွေ သွားနေတာ မြင်ရတယ်။ မနက် တကယ့် နိမ့်နိမ့်လေး ပျံသွားတာ မြင်ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် သေဆုံးသူ ၁၂ ဦးအထိရှိပြီဖြစ်ကြောင်း ပြောဆိုမှုများရှိပြီး ဖြစ်စဥ်အသေးစိတ်ကို သက်ဆိုင်ရာသို့ အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။