News

“ဂျပန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်နေသော မြန်မာဘောလုံးအသင်း၏ ဝတ်စုံတာဝန်ခံ ရုတ်တရက် ကွယ်လွန်”

ဂျပန်နိုင်ငံတွင်ရောက်ရှိနေသော မြန်မာလက်ရွေးစင်ဘောလုံးအသင်း၏ ဝတ်စုံတာဝန်ခံ ကိုပြည့်စုံနိုင်သည် ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက တည်းခိုနေထိုင်သည့် ဟိုတယ်တွင် ကွယ်လွန်သွားသည်။

“မနက်က သူတစ်ယောက်တည်း မနက်စာ လာမစားတာနဲ့ အသင်းရဲ့တာဝန်ရှိသူက သွားခေါ်တာ အခန်းထဲရောက်မှ သူဆုံးနေတယ်ဆိုတာ သိရတယ်။ သူတာဝန်တွေကို အကုန်ခွဲယူရမှပေါ့ ” ဟု ကစားသမားတစ်ဦးကပြောသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာဘောလုံးအသင်းသည် အိုဆာကာမြို့သို့ရောက်ခြင်းဖြစ်ပြီး ကနဦးစစ်ဆေးမှုများအရ ကိုပြည့်စုံနိုင် (အသက် ၃၀) သည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။ သူသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်ရွေးစင်ဘောလုံးအသင်း၏ Kit Manager ဖြစ်သည်။

ကျန်ရစ်သော ရုပ်အလောင်းကို သက်ဆိုင်ရာက လာရောက်သယ်ဆောင်သွားခဲ့ပြီး နာရေးကိစ္စကို ဂျပန်နိုင်ငံနှင့်ဆွေးနွေးနေကြကြောင်းသိရသည်။

မြန်မာလက်ရွေးစင်အသင်းသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု (F) ကို မေလ ၂၈ရက်နေ့က ဂျပန်အသင်းနဲ့ယှဉ်ပြိင်ကစားခဲ့ပြီး ၁၀ ဂိုး -ဂိုးမရှိနှင့်ရှုံးနိမ့်ခဲ့သည်။

လာမည့် ဇွန် ၁၁ ရက်တွင် ကာဂျစ်စတန်၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန် စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။