တ႐ုတ္ ကိုဗစ္ကာကြယ္ေဆး အလုံးေရ (၈၀၀၀) ရခိုင္သို႔ ေရာက္ေန
ထက္ေအာင္
နိရဥၥရာ၊ ဇြန္ ၈ / ၂ဝ၂၁
တ႐ုတ္နိုင္ငံထုတ္ (Sinopharm Biotech) ကိုဗစ္ ၁၉ ကာကြယ္ေဆး အလုံးေရ (၈၀၀၀) ရခိုင္ျပည္နယ္သို႔ေရာက္ရွိေနေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။
ယခုေရာက္ရွိေနသည့္ ေဆးအလုံးေရ(၈၀၀၀) အား လူေပါင္း (၄၀၀၀) တိတိကို တစ္ႀကိမ္တြင္ ကာကြယ္ေဆးတစ္လုံးက်ႏွင့္ (၂) ႀကိမ္ထိုးႏွံသြားမည္ျဖစ္ေသာ္လည္း စတင္ထိုးႏွံေပးမည့္ ရက္ကိုမသိရေသးေၾကာင္း ရခိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာသည္။
“ဒီတ႐ုတ္ကာကြယ္ေဆးကိုကေတာ့ သက္ဆိုင္ရာလူႀကီးေတြကို စိစစ္တင္ျပၿပီးေတာ့မွပဲ ထိုးႏွံဖို႔ စီစဥ္ထားတာေပါ့။ လူတစ္ေယာက္ကို ႏွစ္ႀကိမ္ထိုးရမယ္။ အလုံးေရက (၈၀၀၀) ဆိုေတာ့ လူဦးေရ (၄၀၀၀) အတြက္ပဲ ရမွာေပါ့။” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ စတင္ေရာက္ရွိခဲ့သည့္ အိႏၵိယနိုင္ငံထုတ္ ကိုဗစ္ရွီး (COVISHIELD)အမည္ရွိ ကိုဗစ္ ၁၉ ကာကြယ္ေဆးကို ရခိုင္ျပည္နယ္အတြင္း လူဦးေရေပါင္း ၁၀၁,၀၀၀ ေက်ာ္အား ဇြန္လ ၄ ရက္ေန႔အထိထိုးႏွံခဲ့ၿပီး ေဆးအလုံးေရ (၁၉,၂၀၀) ေက်ာ္ အသုံးျပဳခဲ့ေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။
အိႏၵိယနိုင္ငံထုတ္ ကိုဗစ္ရွီး (COVISHIELD)ကာကြယ္ေဆးကုိ ေရာဂါကူးစက္နိုင္ေျခရွိသည့္လူအုပ္စုမ်ားကို ထိုးႏွံေပးခဲ့ေသာ္လည္း ယခုတ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးကိုမူ မည္သည့္အုပ္စုကိုထိုးႏွံေပးမည္ဆိုသည္မွာ ေလာေလာဆယ္ မသိရေသးဟုလည္း ေဒါက္တာစိုးဝင္းပုိင္က ဆိုသည္။
Unicode –
တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၈၀၀၀) ရခိုင်သို့ ရောက်နေ
ထက်အောင်
နိရဥ္စရာ၊ ဇွန် ၈ / ၂ဝ၂၁
တရုတ်နိုင်ငံထုတ် (Sinopharm Biotech) ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ (၈၀၀၀) ရခိုင်ပြည်နယ်သို့ရောက်ရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယခုရောက်ရှိနေသည့် ဆေးအလုံးရေ(၈၀၀၀) အား လူပေါင်း (၄၀၀၀) တိတိကို တစ်ကြိမ်တွင် ကာကွယ်ဆေးတစ်လုံးကျနှင့် (၂) ကြိမ်ထိုးနှံသွားမည်ဖြစ်သော်လည်း စတင်ထိုးနှံပေးမည့် ရက်ကိုမသိရသေးကြောင်း ရခိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ဒီတရုတ်ကာကွယ်ဆေးကိုကတော့ သက်ဆိုင်ရာလူကြီးတွေကို စိစစ်တင်ပြပြီးတော့မှပဲ ထိုးနှံဖို့ စီစဉ်ထားတာပေါ့။ လူတစ်ယောက်ကို နှစ်ကြိမ်ထိုးရမယ်။ အလုံးရေက (၈၀၀၀) ဆိုတော့ လူဦးရေ (၄၀၀၀) အတွက်ပဲ ရမှာပေါ့။” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (COVISHIELD)အမည်ရှိ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရခိုင်ပြည်နယ်အတွင်း လူဦးရေပေါင်း ၁၀၁,၀၀၀ ကျော်အား ဇွန်လ ၄ ရက်နေ့အထိထိုးနှံခဲ့ပြီး ဆေးအလုံးရေ (၁၉,၂၀၀) ကျော် အသုံးပြုခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (COVISHIELD)ကာကွယ်ဆေးကို ရောဂါကူးစက်နိုင်ခြေရှိသည့်လူအုပ်စုများကို ထိုးနှံပေးခဲ့သော်လည်း ယခုတရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကိုမူ မည်သည့်အုပ်စုကိုထိုးနှံပေးမည်ဆိုသည်မှာ လောလောဆယ် မသိရသေးဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။