အိမ်ထဲမှာ ကြွက်တွေရှိရင် ညဘက်အိပ်မရလောက်အောင် သောင်းကျန်းတတ်တဲ့အပြင် ရှိသမျှအစားအသောက်၊အဝတ်အထည်တွေကိုလိုက်ကိုက်တတ်တာကြောင့် အတော်လေးစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ဒါတင်မကသေးပါဘူး၊ အိမ်မှာ ကြွက်တွေရှိတာက အိမ်သားတွေရဲ့ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
ဒါကြောင့် အိမ်မှာရှိတဲ့ကြွက်တွေကို နောက်ထပ်လုံးဝမလာအောင် နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပူဒီနာရွက်
ပူဒီနာရွက်ရဲ့အနံ့ကိုကြွက်တွေက မခံနိုင်ပါဘူး။
ဒါကြောင့် အစားအသောက်တွေနားကို ကြွက်တွေမလာစေချင်ရင် ပူဒီနာရွက်တွေနဲ့ရောထားထားလိုက်ပါ။
(၂) လေးညှင်း
လေးညှင်းအနံ့ကကြွက်တွေကိုပြေးစေတာကြောင့် ကြွက်တွေလာတတ်တဲ့လမ်းကြောင်းမှာ လေးညှင်းပွင့်လေးတွေထားထားလိုက်ရင် ကြွက်တွေမလာတော့ပါဘူး။
(၃) ပရုတ်လုံး
အဝတ်တွေကို ကြွက်မကိုက်စေဖို့၊ အဝတ်သေတ္တာနဲ့ ဗီရိုတွေထဲကိုကြွက်တွေမလာစေဖို့ ပရုတ်လုံးထည့်ထားပေးလိုက်ပါ။
(၄) ခဲပတ်ပြား
ခဲပတ်ပြားရဲ့ပြောင်လက်တဲ့မျက်နှာပြင်ကလည်းကြွက်တွေကို ပြေးစေပါတယ်။
ဒါကြောင့် ကြွက်မလာစေချင်တဲ့နေရာတွေမှာ ခဲပတ်ပြားတွေကို အပိုင်းအစလေးတွေဖြတ်ပြီးချထားပေးလိုက်ရုံပါပဲ။
(၅) ဘီယာ
မီးဖိုချောင်ထဲက ဟင်းချက်တဲ့အနီးနားတွေမှာ ၊ ထမင်းစားပွဲရဲ့ခြေထောက်တွေမျာ ဘီယာနည်းနည်းလောင်းထားပေးလိုက်ရင် ကြွက်တွေမလာနိုင်ပါဘူး။
ကြွက်တွေနေတတ်တဲ့နံရံထောင့်တွေနဲ့ အိမ်ကြမ်းပြင်ကိုလည်း ဘီယာလောင်းထားပေးရင် ကြွက်တွေမအောင်းနိုင်တော့ပါဘူး။
written by PP