Shoon (Cele Daily)
Unicode
လိုင်းပေါ်မှတစ်ဆင့် ကြက်ကြော်မှာစားရာ အိမ်သို့လာပို့သောအခါ ကြက်ကြော်များမဟုတ်ဘဲ လက်ကိုင်ပုဝါများဖြစ်နေသည့် အဖြစ်
ခေတ်မှီတိုးတတ်လာသော နည်းပညာခေတ်ကြီးထဲတွင် လူသားတို့ဟာ ယုံကြည်မှုကို အားကိုးပြီး အလုပ်များကို လုပ်ကိုင်လာကြပေသည်။တိုးတက်လာသည်နှင့်အမျှ လူသားတို့ဟာ လိုင်းပေါ်မှတစ်ဆင့်သာ ကုန်ပစ္စည်း အစားအသောက်တို့ကို အိမ်အရောက်ပို့ပေးခြင်းစနစ်ဖြင့် မှာယူစားသုံးလာကြပေသည်။
ထိုအချိန်တွင် လူအများစုတို့ဟာ အဆင်မပြေမှုများစွာနှင့်လည်း ကြုံတွေ့လာခဲ့ရပါတယ်။ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သူမ၏ အဆင်မပြေမှုများကို လိုင်းပေါ်တင်ပြီး ရင်ဖွင့်သွားခဲ့ပါတယ်။
ထိုအမျိုးသမီးဟာ လိုင်းပေါ်မှတစ်ဆင့် စားသောက်ဆိုင်တစ်ခုမှ ကြက်ကြော်များကို မှာစားခဲ့တာဖြစ်ပါတယ်။သို့သော်လည်း အိမ်သို့ရောက်လာသောအခါ လက်ကိုင်ပုဝါကြော်ဖြစ်နေခဲ့ပါတယ်။ထို့ကြောင့်အမျိုးသမီးဟာ အစားအသောက်များကို အလွန်စိတ်ပျက်သွားပြီး ဆိုင်၏ သန့်ရှင်းသပ်ရပ်မှုကို သံသယဝင်သွားခဲ့ရပါတယ်။
Shoon (Cele Daily)