မုန့် ပျား သ လက် …….
ကျမရဲ့ အမေ နဲ့ အဖေ၏ အကြိုက်ဆုံး မြန်မာမုန့်။ အခုလေးတင်ဘဲ လုပ်ပြီးတာ။ စားကြပါအုံး။ မုန့်လုပ်နည်းလည်း ရှယ်လိုက်တယ်နော်။
ပါဝင်ပစ္စည်းများ
ဆန်မှုန့်  – ၅ ခွက်
တစေး (YEAST) – ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
ဆား – ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
ရေ – ၆ ခွက်
နံနံပင် – ၁ ခွက်(ပါးပါးလှီး)
ကြက်သွန်မြိတ် – ၁ ခွက်(ပါးပါးလှီး)
ပဲပြုတ် – ၂ ခွက်
ဆီ
ပြုလုပ်နည်း
၁. ဆန်မှုန့် ၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရ်ျ အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ ။ (မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။
ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။)
၂. မကပ်သော ဒယ်အိုး အသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည် ။ မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရ်ျ မုန့်လုပ်ပါ ။
၃. အိုး ပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့် ထည့်ပါ ။
၎. မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။ ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့် ထားပါ။
၅. ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။ မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။
၆. မုန့်ပျားသလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲရ်ျ စားလေ့ ရှိပါသည် ။
***အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ် ။ #ဟင်းချက်နည်းများသိရအောင်GroupလေးကိုJoinထားပေးပါ
Credit: WinWin KT