Gen Z တစ်ယောက်ရဲ့ မှာတမ်းတဲ့
တော်လှန်ရေးမှာ ငါသေသွားခဲ့ရင် ငါရဲ့ကင်မရာကို ရောင်းပြီး CDMသမားတွေနဲ့ Defense အဖွဲ့က်ို လျှူပေးပါ
တော်လှန်ရေး အနိင်ရမှ ငါ့ကို အမျှဝေပေးပါ တော်လှန်ရေးအနိင်မရမချင်း ဘယ်ဘဝရောက်ရောက် ငါတော်လှန်မယ်
ငါစောင့်ရှောက်မယ်
ငါကူညီမယ်
အဆုံးထိ ငါတိုက်ပွဲဝင်မယ်
ငါသေချင်လဲ သေမယ်
အဖမ်းခံရရင်လဲ ခံရနိင်တယ်
ငါဘာကောင်မှမဟုတ်ပါဘူး
သေရင်တောင် ငိုမဲ့သူက ခပ်ရှားရှားပဲ
ငါထက်ပျော်စရာကောင်းတဲ့သူများတွေမိသားစုတွေကို မထိခိုက်စေချင်ဘူး
ကလေးတွေရှိတဲ့အဖေတွေတောင် သေမှာမကြောက်ဖဲ တော်လှန်နေရင်း အသက်ပေးလိုက်ရတာကို ငါတကယ်စိတ်မကောင်းဘူး
အဲ့တာကြောင့် ငါထက်ပျော်စရာကောင်းတဲ့ မိသားစုလေးတွေကို ငါကာကွယ်ဖို့ကတန်တယ်
ငါတို့ညီအကိုတွေအေးအတူပူမျှဖို့.
နိုင်ငံနဲ့လူမျိုးအတွက်အသက်ပေးသွားပါမယ်..
ဒီပွဲမှာငါသေသွားခဲ့ရင် နင်ငါ့အတွက်မျက်ရည်မကျပါနဲ့..
နင်ပျော်ရွင်တာ ငါမြင်ချင်တယ်..နင်မျက်ရည် ကျတာငါမလိုချင်ပါဘူး
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပေးရင်း ကာကွယ်သွားမယ်လို့ကတိသစ္စာပြုပါတယ်
တကယ်လို့…ငါတို့ ထောင်ကျလည်း…ဘာမှမဖြစ်ဘူး။
နောင်မျိုးဆက်တွေ အမှောင်မကျဖို့အရေးကြီးတယ်လေ
Kõ Ĝýî