News

“ပွဲစားလေး လုပ်နေတာ အဟုတ်. . .စကစ လက်ထက်မှာ အုပ်ကြီးတက်လုပ်တော့ ဖောင်းဒိုင်းခံရလို့ ဂန့်ပြီ”

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်းရှိ သတိပဋ္ဌာန်လမ်းတွင် ကျား ကွက် သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင် နှစ်ချက်ဖောင်းဒိုင်း ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေါ်စိုးစိုးလွင်မှာ ၎င်း၏ကားအတွင်း ရှိနေစဥ် အနီးကပ်အနေအထားမှ ဖောင်းဒိုင်း ခံရခြင်းဖြစ်ပြီး သေဆုံးသွားကြောင်း လက်ရှိအချိန်တွင် စခတွေ ရောက်ရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မျက်မြင်တစ်ဦးမှ ပြောသည်။

“ကားထဲမှာ ဖောင်းဒိုင်းခံရတယ်လို့ကြားပါတယ်။ သူက အရင်ပွဲစားလုပ်ခဲ့ဖူးတယ်။ စကစ လက်ထက်မှာ အုပ်ကြီးတက်လုပ်တာ။ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ အများကြီးပဲ။

သူက တကယ့်ကို စခ တွေကို သတင်းပေးနေတဲ့ ၂၄ နာရီ 3လန်အကြီးစား။ တကယ့် မိန်းမရှုပ်။ အများနဲ့ တစ်ယောက် အော်ကျောလန် အမျိုးအစားထဲမှာပါတယ်။ အခု သူ အပစ်ခံရတာကြားတော့ အားလုံး ပျော်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။