Cele News

“အဖမ်းခံထားရတဲ့ သရုပ်ဆောင် ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာပြီ”

ရန်ကုန်၊ ဇွန် ၇ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒီ ဦးဇင်၀ိုင်း ယနေ့ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ် မြောက်လာကြောင်း အနုပညာရှင်အသိုင်းအ၀ိုင်းနှင့် သားဖြစ်သူ မင်းမော်ကွန်း၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ သိရှိရသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ပြီး ဦးဇင်၀ိုင်းကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်ကာ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဦးဇင်ဝိုင်းရဲ့ ဖေ့ဘွတ်စ်အကောင့်ဖြစ်တဲ့ Htay Lwin အကောင့်မှာလည်း ကျနော်အိမ်ပြန်ရောက်ပါပြီလို့ ရေးသားထားတာတွေ့ရသလို မင်းမော်ကွန်းရဲ့ ဖေ့ဘွတ်စ်အကောင့်မှာလည်း ရေးသားထားပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်းအား ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်များ ရှိနေပြီး၊ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင် ၁၀၀ ကျော်ဟာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရပါတယ်။

Zawgyi

ရန္ကုန္၊ ဇြန္ ၇ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒီ ဦးဇင္၀ိုင္း ယေန႔ အင္းစိန္ အက်ဥ္းေထာင္မွ ျပန္လည္ လြတ္ ေျမာက္လာေၾကာင္း အႏုပညာရွင္အသိုင္းအ၀ိုင္းႏွင့္ သားျဖစ္သူ မင္းေမာ္ကြန္း၏ လူမႈကြန္ရက္တြင္ ေရးသားခ်က္အရ သိရွိရသည္။

ယေန႔ နံနက္ ၁၁ နာရီဝန္းက်င္တြင္ ျပန္လည္ လြတ္ေျမာက္လာျခင္းျဖစ္ၿပီး ဦးဇင္၀ိုင္းကို အၾကမ္းဖက္စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) ျဖင့္ ဖမ္းဆီးအေရးယူခဲ့ျခင္းျဖစ္သည္။

ဦးဇင္ဝိုင္း ျပန္လည္လြတ္ေျမာက္ကာ အိမ္ျပန္ေရာက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ဦးဇင္ဝိုင္းရဲ႕ ေဖ့ဘြတ္စ္အေကာင့္ျဖစ္တဲ့ Htay Lwin အေကာင့္မွာလည္း က်ေနာ္အိမ္ျပန္ေရာက္ပါၿပီလို႔ ေရးသားထားတာေတြ႕ရသလို မင္းေမာ္ကြန္းရဲ႕ ေဖ့ဘြတ္စ္အေကာင့္မွာလည္း ေရးသားထားပါတယ္။