News

“(၃) ရက်ဆက်တိုက် အဆဲခံရပြီးနောက် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်လိုက်တဲ့ ခန့်စည်သူ”

ရန်ကုန်၊ ဇွန် ၇

သရုပ်ဆောင်ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌလုပ်ပြီးနောက် လူမှုကွန်ယက်မှာ ဝေဖန်သံတွေ ဆဲသံတွေ သောသောညံနေတာ (၃)ရက်ရှိပါပြီ…ဒီနေ့မှာတော့ သရုပ်ဆောင်ခန့်စည်သူ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ်က နှုတ်ထွက်ကြောင်း ကြေငြာချက်ထွက်လာပါတယ်

ယနေ့ကျင်းပပြုလုပ်သော ၆/၂၀၂၁ ရုပ်ရှင်အစည်းအရုံး အမှုဆောင် အထူးအစည်းအဝေးတွင် ယာယီဥက္ကဌ ခန့်စည်သူ က ယာယီဥက္ကဌ တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တရားဝင်စာ တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် အကယ်ဒမီ ခန့်စည်သူအား အမှုဆောင်အားလုံးမှ ရွေးချယ်တင်မြှောက်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဇွန်လ ၄ ရက်တွင် သတင်းထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်..

သရုပ်ဆောင်ခန့်စည်သူ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်ပြီးနောက် ရုပ်ရှင်အစည်းအရုံးမှ နာမည်ကြီးသရုပ်ဆောင်တွေ ဆက်တိုက်နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်