News

“အရွယ်အစား ကွာခြားမှုတွေကို အချစ်စစ် အချစ်မှန်နဲ့ ကျော်ဖြတ်ခဲ့ကြတဲ့ ချစ်သူ (၂)ဦး”

အချစ်စစ်အချစ်မှန်ဆိုသည်မှာ အသားအရောင် ကွာခြားမှု၊ လူမျိုးရေး ကွာခြားမှု၊ ဘာသာတရားကွာခြားမှု၊ နယ်နိမိတ်ကွားခြားမှု စတဲ့စတဲ့အလွှာတွေကို တော်လှန်ရဲသူပါ။ တစ်ခါတလေမှာ လိင်ကွာခြားမှု၊ လိင်မကွာခြားမှု တံတိုင်းတွေကိုတောင် အချစ်စစ်အချစ်မှန်က ကျော်လွှားနိုင်ပါတယ်။ အခုစုံတွဲလေးတစ်တွဲက အချစ်ကို ယုံကြည်ကိုးကွယ်ကြသူတွေရဲ့ စံပြလေးတစ်ခု ဖြစ်နိုင်ပါတယ်။

လူနှစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူတို့တစ်တွေဟာ ခန္ဓာကိုယ်အရွယ်အစား ဘယ်လောက်ကွာခြားလဲဆိုတာ မြင်သာစေမှာပါ။ ဒါပေမယ့် သူတို့စုံတွဲဟာ သာတူညီမျှ ချစ်ခြင်းမေတ္တာနဲ့ နှစ်ယောက်တစ်ဘဝကို ပုံဖော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးကတော့ အိုင်ဗရီကို့စ်အဆိုတော်၊ မော်ဒယ်တစ်ဦးဖြစ်ပြီး အမည်မှာ Eudoxie Yao ဖြစ်ပါတယ်။

သူမရဲ့ချစ်သူအမျိုးသားရဲ့ အနုအမည်ကတော့ Grand P လို့ သိရပြီး အမည်မှန်ကတော့ Moussa Sandiana Kaba ဖြစ်ပါတယ်။ သူဟာ ဂီနီနိုင်ငံသား တေးဂီတပညာရှင်တစ်ဦးလို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်ကို လူတွေက လိုက်ဖက်ညီတဲ့စုံတွဲလို့ မထင်မြင်ကြပါဘူး။ နောက်ပြီး လူတစ်ချို့က အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဝေဖန်ချက်တစ်ခုကတော့ သူတို့တစ်တွေဟာ တစ်ယောက်ကို တစ်ယောက်မချစ်ဘဲ လူစိတ်ဝင်စားမှုများလေ သူတို့အတွက် စီးပွားရေးအရတွက်ခြေကိုက်လေသဘောမျိုးနဲ့ ဟန်ဆောင်ပန်ဆောင် တွဲနေကြတယ်လို့ စွပ်စွဲထားပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း နစ်နစ်နာနာပြောပြီး ဝေဖန်သူတွေကို မကြာခဏ ကြုံနေရပါတယ်။ သူတို့ကို ဝေဖန်နေသူတွေကို မော်ဒယ် Yao က-

” ရုပ်ပိုင်းဆိုင်ရာဆိုတာ ကျွန်မတို့ ထည့်မတွက်တဲ့ ကိစ္စပါ … ကျွန်မတို့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြပါတယ် … ဒါက ဘဝမှာ အရေးကြီးဆုံးပဲလေ … ကျွန်မတို့ကို ထောက်ခံကြသူတွေကို ကျေးဇူးတင်ပါတယ် … တကယ်တော့ အချစ်စစ်တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြင်းဆိုတာ အရေးမပါပါဘူး … “လို့ တုန့်ပြန်ခဲ့ပါတယ်။ Yao ဟာ အင်စတာဂရမ်မှာ ပရိသတ် (၁)သန်းနီးပါး ပိုင်ဆိုင်ထားပါတယ်။

Grand ကတော့ သူတို့နှစ်ယောက် မကြာခင် လက်ထပ်ကြဖို့ စိတ်ကူးနေကြပါတယ်တဲ့။ အခြားတစ်ဖက်မှာတော့ Yao က ခင်ပွန်းလောင်း Grand ကို တခြားအမျိုးသမီးတွေနဲ့ အချစ်ရေးအချစ်ရာမှာ ကင်းကင်းရှင်းရှင်း နေဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။ သူမက ” ရှင်က ကျွန်မကို ဇနီးတစ်ယောက် ဖြစ်စေချင်တယ်ပြောတယ် … ဒါပေမယ့် ပရိသတ်တွေနဲ့ နှုတ်ခမ်းချင်းနမ်းတာမျိုးကို ရှင်ပဲ အမြဲလုပ်တယ် “လို့ သဝန်တိုစွာ တားမြစ်ခဲ့ပါတယ်။

သူမက ” (ပရိသတ်တွေနဲ့ ဖက်လှဲတကင်းနေတတ်တဲ့) ဒီလိုအခြေအနေမှာ ကျွန်မမိဘတွေက ရှင်နဲ့ လက်ထပ်ပွဲကို ငြင်းပယ်လိမ့်မယ်ဆိုတာ ရှင် တွေးမိကောင်း တွေးမိပါလိမ့်မယ် … ဒါပေမယ့် ရှင်ကိုယ်တိုင် ရုန်းကန်ရမယ် … ဘာကြောင့်ဆိုတော့ ရှင်ချစ်တာကို ကျွန်မ သိနေရင် ပြီးတာပဲလေ .. “လို့ ပြောခဲ့ပါတယ်။ သူတို့စုံတွဲကို လက်ခံအားပေးနေကြသူတွေလည်း မြောက်များစွာ ရှိပါတယ်။

Credit-လင်းသူရိန်

Zawgyi

အရြယ္အစားကြာျခားမႈကုိ ခ်စ္ျခင္းေမတၱာတရားက အႏုိင္ယူသြားတယ္-ဆုိတဲ့စုံတြဲ

အခ်စ္စစ္အခ်စ္မွန္ဆုိသည္မွာ အသားအေရာင္ ကြာျခားမႈ၊ လူမ်ိဳးေရး ကြာျခားမႈ၊ ဘာသာတရားကြာျခားမႈ၊ နယ္နိမိတ္ကြားျခားမႈ စတဲ့စတဲ့အလႊာေတြကုိ ေတာ္လွန္ရဲသူပါ။ တစ္ခါတေလမွာ လိင္ကြာျခားမႈ၊ လိင္မကြာျခားမႈ တံတုိင္းေတြကိုေတာင္ အခ်စ္စစ္အခ်စ္မွန္က ေက်ာ္လႊားႏုိင္ပါတယ္။ အခုစုံတြဲေလးတစ္တြဲက အခ်စ္ကုိ ယုံၾကည္ကုိးကြယ္ၾကသူေတြရဲ႕ စံျပေလးတစ္ခု ျဖစ္ႏုိင္ပါတယ္။

လူႏွစ္ေယာက္ကို ၾကည့္လုိက္တာနဲ႔ သူတုိ႔တစ္ေတြဟာ ခႏၶာကုိယ္အရြယ္အစား ဘယ္ေလာက္ကြာျခားလဲဆုိတာ ျမင္သာေစမွာပါ။ ဒါေပမယ့္ သူတုိ႔စုံတြဲဟာ သာတူညီမွ် ခ်စ္ျခင္းေမတၱာနဲ႔ ႏွစ္ေယာက္တစ္ဘဝကို ပုံေဖာ္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးကေတာ့ အုိင္ဗရီကုိ႔စ္အဆုိေတာ္၊ ေမာ္ဒယ္တစ္ဦးျဖစ္ၿပီး အမည္မွာ Eudoxie Yao ျဖစ္ပါတယ္။

သူမရဲ႕ခ်စ္သူအမ်ိဳးသားရဲ႕ အႏုအမည္ကေတာ့ Grand P လုိ႔ သိရၿပီး အမည္မွန္ကေတာ့ Moussa Sandiana Kaba ျဖစ္ပါတယ္။ သူဟာ ဂီနီႏုိင္ငံသား ေတးဂီတပညာရွင္တစ္ဦးလုိ႔လည္း သိရပါတယ္။ သူတုိ႔ႏွစ္ေယာက္ကုိ လူေတြက လုိက္ဖက္ညီတဲ့စုံတြဲလုိ႔ မထင္ျမင္ၾကပါဘူး။ ေနာက္ၿပီး လူတစ္ခ်ိဳ႕က အျပဳသေဘာမေဆာင္တဲ့ ေဝဖန္မႈေတြကိုလည္း ျပဳလုပ္ခဲ့ပါတယ္။

ေဝဖန္ခ်က္တစ္ခုကေတာ့ သူတုိ႔တစ္ေတြဟာ တစ္ေယာက္ကို တစ္ေယာက္မခ်စ္ဘဲ လူစိတ္ဝင္စားမႈမ်ားေလ သူတုိ႔အတြက္ စီးပြားေရးအရတြက္ေျခကိုက္ေလသေဘာမ်ိဳးနဲ႔ ဟန္ေဆာင္ပန္ေဆာင္ တြဲေနၾကတယ္လုိ႔ စြပ္စြဲထားပါတယ္။ လူမႈကြန္ရက္ေပၚမွာလည္း နစ္နစ္နာနာေျပာၿပီး ေဝဖန္သူေတြကုိ မၾကာခဏ ႀကဳံေနရပါတယ္။ သူတုိ႔ကို ေဝဖန္ေနသူေတြကို ေမာ္ဒယ္ Yao က-

” ႐ုပ္ပုိင္းဆုိင္ရာဆုိတာ ကၽြန္မတုိ႔ ထည့္မတြက္တဲ့ ကိစၥပါ … ကၽြန္မတုိ႔ အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနၾကပါတယ္ … ဒါက ဘဝမွာ အေရးႀကီးဆုံးပဲေလ … ကၽြန္မတုိ႔ကို ေထာက္ခံၾကသူေတြကို ေက်းဇူးတင္ပါတယ္ … တကယ္ေတာ့ အခ်စ္စစ္တစ္ခုမွာ ႐ုပ္ပိုင္းဆုိင္ရာ ကြဲျပားျခင္းဆုိတာ အေရးမပါပါဘူး … “လုိ႔ တုန္႔ျပန္ခဲ့ပါတယ္။ Yao ဟာ အင္စတာဂရမ္မွာ ပရိသတ္ (၁)သန္းနီးပါး ပုိင္ဆုိင္ထားပါတယ္။

Grand ကေတာ့ သူတုိ႔ႏွစ္ေယာက္ မၾကာခင္ လက္ထပ္ၾကဖုိ႔ စိတ္ကူးေနၾကပါတယ္တဲ့။ အျခားတစ္ဖက္မွာေတာ့ Yao က ခင္ပြန္းေလာင္း Grand ကုိ တျခားအမ်ိဳးသမီးေတြနဲ႔ အခ်စ္ေရးအခ်စ္ရာမွာ ကင္းကင္းရွင္းရွင္း ေနဖုိ႔ သတိေပးထားတယ္လုိ႔ ဆုိပါတယ္။ သူမက ” ရွင္က ကၽြန္မကုိ ဇနီးတစ္ေယာက္ ျဖစ္ေစခ်င္တယ္ေျပာတယ္ … ဒါေပမယ့္ ပရိသတ္ေတြနဲ႔ ႏႈတ္ခမ္းခ်င္းနမ္းတာမ်ိဳးကုိ ရွင္ပဲ အၿမဲလုပ္တယ္ “လုိ႔ သဝန္တုိစြာ တားျမစ္ခဲ့ပါတယ္။

သူမက ” (ပရိသတ္ေတြနဲ႔ ဖက္လွဲတကင္းေနတတ္တဲ့) ဒီလုိအေျခအေနမွာ ကၽြန္မမိဘေတြက ရွင္နဲ႔ လက္ထပ္ပြဲကို ျငင္းပယ္လိမ့္မယ္ဆုိတာ ရွင္ ေတြးမိေကာင္း ေတြးမိပါလိမ့္မယ္ … ဒါေပမယ့္ ရွင္ကိုယ္တုိင္ ႐ုန္းကန္ရမယ္ … ဘာေၾကာင့္ဆုိေတာ့ ရွင္ခ်စ္တာကို ကၽြန္မ သိေနရင္ ၿပီးတာပဲေလ .. “လုိ႔ ေျပာခဲ့ပါတယ္။ သူတုိ႔စုံတြဲကို လက္ခံအားေပးေနၾကသူေတြလည္း ေျမာက္မ်ားစြာ ရွိပါတယ္။

Credit-လင္းသူရိန္