နွေးထွေးသော မိသားစု ဖြစ်ဖို့
ကိုယ့်ယောက်ျား ပိုက်ဆံ ဘယ်လောက်နဲ့အိမ်ပြန်လာတယ်ဆိုတာကိုပဲစိတ် မဝင်စားပါနဲ့ ..
ကိုယ့်ယောက်ျား ဘေးအသီရန်မခပဲကောင်းမွန်စွာ အိမ်ပြန်ရောက်လာနိုင်တာကိုလည်း ကျေးဇူးတင်ဝမ်းသာတတ်ပါစေ..
အိမ်ကမိန်းမဟာ အရင်တုန်းကလိုနုနယ် ပျိုမျစ်ခြင်းတွေ မရှိတော့တာကို အပြစ်မြင် စိတ်မကုန်ပါနဲ့ ..
သူမ ခေတ် သူမ အခါတုန်းကယောက်ျားအများရဲ့စိတ်ဝင်စားမှုကိုသင် တစ်ယောက်နဲ့ လဲလှယ်ခဲ့တဲ့ ကျေးဇူးကို မမေ့လိုက်ပါနဲ့ ..
သူများယောက်ျားနဲ့ကိုယ့်ယောက်ျားကို နှိုင်းယှဉ်ပြီး အပြစ် မမြင်မိပါစေနဲ့..
မိမိဘုန်းကံရှိသလောက်သာစံစားရတတ်တယ်ဆိုတာလက်ခံတတ်ပါစေ ..
မိမိအမျိုးသမီးကို အိမ်တွင်းပုန်းစေအိမ်အလုပ်တွေ လုပ်ခိုင်းထားပြီးသူများတွေလို ငွေမရှာတတ်တာခေတ်မမီ မဝင်ဆန့်တော့တာကိုအပြစ်မမြင်မိပါစေနဲ့..
သူမ ရှိနေလို့သာ ဒီအိမ် ဒီမိသားစု အတိုင်းအတာ တခုထိအဆင်ပြေနေတာကိုလည်းအသိအမှတ်ပြုပေးတတ်ပါစေ..
သင်လည်း သင့်အလုပ်မှာဖိအားတွေ စိတ်ဖိစီးမှုတွေအဆင်မပြေမှုတွေရှိနေသလို..
သင့် အိမ်ထောင်ဖက်မှာလည်းသင် မသိတဲ့ အခက်အခဲတွေသင် မတွေးမိတဲ့ စိတ်ဖိစီးမှုလေးတွေရှိနေမယ် ဆိုတာ အပြန်အလှန်ကိုယ်ချင်းစာ နားလည်တတ်ကြ
မယ်ဆိုရင်..
သင့်လည်း ပြီးပြီးစုံနေသူ မဟုတ်သလို မိမိအိမ်ထောင်ဘက်ရဲ့ အပြစ်အနာအဆာတွေကိုလည်း အပြန်အလှန်ဖြည့်တွေးပေးတတ်ကြမယ်ဆိုရင်
အချင်းချင်းအပြစ်ဖို့နေကြမယ့်အစားပြဿနာကို အဖြေရှာ အချင်းချင်းဖေးမကူညီတတ်ကြမယ်ဆိုရင်..
ကိုယ့်အတိုင်းအတာနဲ့ကိုယ်အဆင်ပြေနေပျော်တဲ့ မိသားစုတစ်စုဖြစ်နေမှာပါ ။
……မူရင်းရေးသူ
စာပေချစ်သူများအတွက်
ရွေအဆင်း