မန္တလေးမှ ကားလာဝယ်သော ဝယ်သူနှင့်ဈေးတည့်ပြီး ဝယ်သူမှငွေချေ၍ မောင်းသွားမည် ဟုပြောသောအခါ အကိုဆရာသည် မရသေးဘူး ခဏနေအုံး ဟုဆိုရ်ျ တပည့်တယောက်အား ဟေ့ ကားဘီး လေးလုံးစလုံး စစ်၊ ဘတ္ထရီစစ် ပီးရင် ဆီအပြည့် ဖြည့်ပေးလိုက်ဟု ပြောပီး အားလုံး လုပ်ကိုင် စစ်ဆေး ပီးစေကာမှ ရပီ နောင်ကြီးဟု ဆိုကာ ကားသော့ အပ်လိုက်သည်။
ဝယ်သူမှာ ပြောဖွယ်ရာမရှိ ရတနာပီတိ ဂွမ်းစီထိ သကဲ့သို့ ကားအသစ်ကြီးအား ပျော်ရွှင်စွာ မောင်းထွက်သွားလေတော့သည်။ ရင့်ကျက်မှူ နည်းသေးသော ကျွန်တော် သည် အကိုဆရာအား ဘာလို့ သူက မလုပ်ခိုင်းဘဲ အကိုက လုပ်ပေးလိုက်ရတာလဲဟု ရိုးရှင်းသော စိတ်ဖြင့်မေးရာ
အကိုဆရာက ပြုံးရင်း
သား ငါသူများလို showroom မဖွင့်ဘဲ ခြံထဲမှာရပ်ပီးရောင်းတာ တနေ့ ဘယ်နှစ်ဦး လာဝယ်နေလဲ မင်းအမြင်ဘဲ မဟုတ်လား?
ဒါလဲဟုတ်တာပဲ တနေ့တနေ့ ပြေးဝယ်လိုက်ရတဲ့ စာချုပ်။
အဲဒါ ဘာလဲမင်းသိလား သား.. စေတနာသည် ကံပဲကွ။
အခုငါရောင်းတာ Brand new နော်။
အရင်က Sunny , Publica ကားဟောင်းလေးတွေ ခေတ်ကအချို့သောသူတွေ အရောင်းအဝယ် ဖြစ်ပီဆိုရင် ကားတာယာကောင်းတာနဲ့ ပါးတာ ပြောင်းထည့်ကြတယ်၊ဆီစုပ် ထုတ်ကြတယ်၊ကတ်စက် လဲကြတယ်။
အဲဒါတွေပြောင်းထည့်လိုက်တော့ရော မင်းဘဝကြီးပြောင်းလဲသွားမှာမို့လား?
အဆိုးဆုံးက ကားဘီးတာယာနဲ့ဆီ ဘဲကွ။
သူ ဝယ်ပီး အပျော်များစွာနဲ့ မောင်းသွားရင်း လမ်းမှာဆီပြတ်တာ၊ မတွေးဝံ့ဆုံးက ကားတာယာ ပွင့်ထွက်သွားခဲ့သည်ရှိသော် ဘာနဲ့မှလဲလို့မရတဲ့ အသက်။
သား မင်းဘယ်တော့မှ အဲလိုစိတ်မျိုးနဲ့ စီးပွားမရှာနဲ့။
” လောကကြီးမှာ မျှတရင် မိတ်ဆွေပေါမယ်၊ ”
ဂတိတည်ရင် background ကောင်းမယ်၊ မင်းထိုက်ရင်ရမယ် မထိုက်ရင်မရဘူး။
ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့။
ငါ့သား ကြွေးသစ်ထပ်မယူသွားနဲ့။
မင်းကြိုက်လား ၊ ငါလဲကြိုက်တယ် မင်းမခံနိုင်ဘူးနော် ၊ ငါလဲမခံနိုင်ဘူး။
အဲဒါအရိုးရှင်းဆုံးသော ကိုယ်ချင်းစာတရားဘဲ ငါ့သား၊
မင်းဘယ်တော့မှ ဘယ်သူ့ရဲ့ အပူစာကိုမှ မစားမိစေနဲ့။
တသိုက်တဝန်းကြီး ပျော်ရွှင်စွာ တခဏတာအပျော်ရဲ့ နောက်ဆုံးရလဒ်ပြုသူက မိမိ မဖြစ်စေနဲ့။
သြော် …အကိုဆရာရဲ့ ဆုံးမစကား
Credit