News

“ကျုံပျော်မြို့နယ်က ဒလန်မ ဆိုပြီး မှားယွင်းစွပ်စွဲခံနေရလို့ ဖြေရှင်းလာတဲ့ ရုံးအကူ မိန်းကလေး”

ဒီမနက်က ကျုံပျော် ဇရစ်ရိုးကျေးရွာက ဒလန်ကိစ္စနဲ့ ပက်သက်ပြီး အိအိခင်နာမည်နဲ့ ညီမပုံ Facebook ပေါ်ပျံ့လာတယ် ။ညီမက အိအိခင်မဟုတ်သလို ဇရစ်ရိုးကျေးရွာကိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး။ ညီမနာမည်က မေမြင့်မွန်ပါ ။ ပုသိမ်မြို့မှာ နေတာပါ။ ပြီးတော့ ညီမက ကျောင်းဆရာမ မဟုတ်ပါဘူး ၊ ရုံးအကူပါ ။ အိအိခင်ကိုမသိသလို ဇရစ်ရိုးမှာလည်း မနေပါဘူး ။

ညီမပုံနဲ့ ဒလန်ဆိုပြီးပျံ့နေတဲ့ကိစ္စကို ညနေပိုင်းမှ အစ်မဖုန်းဆက်လာမှ သိတာပါ ။ ညီမက အမေနဲ့ အလုပ်သွားကူနေလို့ တစ်နေကုန် Facebook ပေါ်မရောက်လို့ ဒီသတင်းကို မသိလိုက်မိဘူး ။

အဖေက လာရှာပြီးပြောပြမှ အကြောင်းစုံသိပြီး အိမ်ပြန်ရောက်လာတာပါ ။ညီမသိတဲ့အချိန်မှာတော့ သတင်းက အရမ်းကို ပျံ့နှံ့နေပြီ ။
သတင်းရဲ့မူရင်းဇစ်မြစ်က ဘယ်ကလာမှန်းမသိဘဲ crd post တွေနဲ့ တော်တော်လေးပျံ့ကုန်လို့ ရှင်းမနိုင်ဖြစ်ကုန်ပြီး တစ်မိသားစုလုံး အထိတ်အလန့်ဖြစ်ရတယ် ။

တင်ထားပေးတဲ့သူတစ်ချို့ကို ပြန်ရှင်းပြပြီး post ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းကို သတင်းတွေဖောင်းပွကုန်တဲ့အတွက် အခုချိန်မှာ မိသားစုက တော်တော်လေး စိတ်ဆင်းရဲနေရပါတယ် ။

တစ်ချို့ဆို ရှင်းပြတာကိုတောင် နားမထောင်‌ပေးဘဲ သတင်းအမှားတွေကို ဆက်တိုက်တင်နေဆဲပါ ။

စွပ်စွဲခံရသူ မိန်းကလေးရဲ့ အကောင့်

ကျေးဇူးပြုပြီး သတင်းအမှားတွေကို ဆက်ပြီးမဖြန့်ဝေပေးဖို့ တောင်းပန်ပါတယ် ။ ညီမတို့ မိသားစုအတွက်လည်း အန္တာရယ်များလို့ပါ ။ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတဲ့သူတွေကိုလည်း တောင်းပန်ပါတယ် ၊ ဒီထက်ပိုပြီး ညီမတို့မိသားစုကို ဒုက္ခမပေးပါနဲ့ ။

ရွှေ အ သည်း