News

“သူ့ကို ဖမ်းမမိလို့ ဘုန်းကြီးကျောင်းကလူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ကျန်ရှိသူတွေကိုပါ သတိထားဖို့ ပြောလိုက်တဲ့ ဦးကေသရ”

ဦးဇင်းဘဝကနေ လူထွက်ပြီး ပြည်သူဘက်တော်သား တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်လာတဲ့ ဦးဇင်းကေသရကိုတော့ ပြည်သူတွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူး..။ အရေးတော်ပုံအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာ လက်နက်ကိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာလည်း ပြည်သူတွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားတော်လှန်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်..။

၁၃နှစ်ကြာ သာသနာ့ဘောင်ဝင်ကာ ကောင်းမှုပြုခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် တောထဲမှာ လက်နက်ကိုင်နေရတဲ့ ဦးဇင်းကေသရကတော့ သူ့ကိုဖမ်းမမိတာကြောင့် ဘုန်းကြီးကျောင်းကလူတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ စိတ်မကောင်းဖြစ်နေရတာ တွေ့ရပါတယ်..။

ကျောင်းမှာနေတဲ့ ကပ္ပယလူငယ်လေးအပြင် အခြားအမျိုးသမီးနဲ့ ကလေးငယ်ကို ည (၁၀) နာရီအချိန်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။ “ကျောင်းမှာနေတယ် အသက်မပြည့်သူ ၁၅ နှစ်အရွယ် အမျိုးသမီးကလေးငယ် တစ်ဦး အပြင် ၊ ဒုက္ခသည်ရင်ခွင်ပိုက် အမျိုးသမီး တစ်ဦး၊ကျောင်း ကပ္ပယ ကုလားလေးခေါ် ရာဇာထွန်း ပါ တစ်ဦးအား စကစမှ ည ၁၀:၀၀ တွင်ခေါ်ယူ ထိန်းသိမ်းသွားပါသည် ကျောင်းမှ ကလေးများ အခက်တွေနေပြီ..” စိတ်မကောင်းစွာ ပြောပြထားတာပါ..။

“တစ်ချိန်က ကျွန်တော်နဲ့ပတ်သတ်သူတွေ ဘေးကင်းကြပါစေဗျာ …ခွေး တွေ ညထဲက လိုက်ကိုက်နေပါပြီး ဖြစ်နိုင်ရင် ရှောင်နေကြပါ ..” ဆိုကာ ပြီးခဲ့တဲ့ရက်ကလည်း သတိပေးစကားဆိုထားပါသေးတယ်..။

Credit