မိန်းမလုပ်သူက သူ့ယောက်ျားကိုပြောတယ်
ယောက်ျားရေ ကျွန်မဆံပင်တွေရှည်နေပြီကျွန်မကို ဆံပင်တွေညှပ်ထားဖို့ကလစ်တစ်ခုလောက်ဝယ်ပေးနော်တဲ့။
ယောက်ျားက ပြန်ပြောတယ်
မိန်းမရယ်ငါတို့ကတစ်နေ့လုပ်မှတစ်နေ့စားရတာလေငါ့နာရီလေးတောင် ကြိုးစုတ်နေတာခုထိဝယ်မတပ်ရသေးဘူး
ဒီတိုင်းပဲ အိပ်ကပ်ထဲထည့်ပြီး ကြည့်ရတာလေကွာတဲ့။
ယောက်ျားလုပ်သူဟာ အလုပ်ကပြန်လာတော့စဉ်းစားမိသွားတယ် သူ့နာရီလေးရောင်းပြီးသူ့ဇနီးအတွက် ကလစ်လေးတစ်ခုဝယ်ပေးဖို့လေ။
သူ့နာရီလေးကိုဈေးနည်းနည်းနဲ့နာရီဆိုင်တစ်ဆိုင်မှာရောင်းလိုက်ပြီးသူ့ဇနီးအတွက် ကလစ်တစ်ခုကို ၀ယလြာခဲ့တယြသူသာဝယ်လာခဲ့တာကိုသိရင် သူ့ဇနီးပျော်နေမှာကို တွေးပြီးသူ့ခြေလှမ်းတွေဟာ တက်ကြွနေခဲ့တယ်။
ဒါပေမယ့် သူအိမ်ပြန်ရောက်တော့ သူ့အတွေးလေးလွဲသွားတယ်
သူ့မိန်းမဟာ ဆံပင်တိုနဲ့ဖြစ်နေပြီ ။
သူ့မိန်းမက သူ့ကိုပြောတယ်။
ယောက်ျား ကျွန်မ လေ ဆံပင်တွေကို ဖြတ်ပြီးရောင်းလိုက်တယ်ရတဲ့ပိုက်ဆံနဲ့ ရှင့်အတွက် နာရီလေးတစ်လုံးဝယ်ထားတယ်တဲ့။
သူ သူ့မိန်းမကို ဖက်လိုက်တယ်
သူ့မျက်ဝန်းမှာလည်းမျက်ရည်တွေ ဝဲနေတယ်
ပြီးတော့ သူ သူ့မိန်းမကို ပြောလိုက်တယ်.
ငါလေ ငါ့နာရီ အစုတ်လေးကို ရောင်းပြီး
နင့်အတွက် ကလစ်လေးတစ်ခု ၀ယလြာခဲ့တယတြဲ့ ။
ပိုက်ဆံငွေကြွေးများစွာမရှိပေမယ့် သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတယ်။
အချစ်ဆိုတာက ချစ်နေရုံနဲ့မပြီးသေးပါဘူး
တစ်ယောက်ရဲ့လိုအပ်ချက်တစ်ယောက် ဖြည့်ဆည်းပေးဖို့လိုတယ်
တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်အ၀ရှိဖို့လိုတယ်။
တစ်ယောက်အပေါ်တစ်ယောက်သစ္စာမပျက်ဖို့လိုပါတယ်။
တကယ်တော့ ဒီလိုဆင်းရဲမှုတွေထဲက ဖြူစင်တဲ့ အချစ်ဆိုတာ ကံကောင်းတဲ့သူတွေမှ ကြုံရတာပါ
Crd