ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် အကယ်ဒမီ ခန့်စည်သူအား အမှုဆောင်အားလုံးမှ ရွေးချယ်တင်မြှောက်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဇွန်လ ၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တေးသံရှင်အဆိုတော်ကိုင်ဇာက လက်ရှိဖွဲ့စည်းမယ့် မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှု့ဆောင်အဖွဲ့ မှာ ဥက္ကဌတာဝန်ထမ်းဆောင်နိုင်မှာမဟုတ်လို့ နှုတ်ထွက်ခွင့်ပြု့ဖို့ ဂီတအစည်းအရုံးကို စာပို့တောင်းဆိုထားပါတယ်။
အလားတူဘဲ ဂီတစာဆို ဟင်္သတမြင့်ငွေအနေနဲ့လည်း အခုလက်ရှိဖွဲ့စည်မယ့် မြန်မာနိုင်ငံဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့မှာ ပါဝင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
ဖခင်ဖြစ်သူအနေနဲ့ ဂီတအစည်းအရုံးယာယီအမှုဆောင်အဖွဲ့မှာ နာယကအဖြစ်နာမည်စာရင်းလျာထားတာကို ကြိုတင်မသိခဲ့လို အသက်အရွယ်နဲ့ကျန်းမာရေးအခြေအနေအရ တာဝန်ထမ်းဆောင်နိုင်မှာမဟုတ်လို့ မပါဝင်နိုင်ကြောင်း ဂီတအစည်းအရုံးကိုအကြောင်းကြားခဲ့တယ်လို့သမီးဖြစ်သူ အဆိုတော်ယုဇနက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဆိုတော်ကိုင်ဇာအနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မထမ်းဆောင်နိုင်ကြောင်း ဂီတအစည်းအရုံးကိုစာပို့ခဲ့တာပါဟင်္သတ မြင့်ငွေကတော့ ၂၀၀၅ခုနှစ်ကတည်းက ဂီတအစည်းအရုံးကနေအနားယူခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ရေးသားမှုအရသိရပါတယ်။
အခုလို ဂီတအစည်းအရုံးယာယီအလုပ်အမှု့ဆောင်အဖွဲ့ ထဲ ပါဝင်ဖို့ကို အဆိုတော်မနောကလည်း စာထုတ်ငြင်းဆိုထားပါသေးတယ်။
လတ်တလောရရှိထားသော စာရင်းများအရ စစ်ကောင်စီ၏ ဂီတအစည်းအရုံးတွင် ပါဝင်ရန် ငြင်းဆန်ထားသူများအနေဖြင့် ဟင်္သာတ မြင့်ငွေ၊ ဒေါ်တင်တင်မြ၊ ကိုင်ဇာ ၊မနော၊ဝေကြီး၊ ညီမင်းခိုင် တို့ဖြစ်ကြောင်း သိရှီရပါတယ်။
Khit Thit Media