ဗဟုသုတ

“အသက် ၆ နှစ်မတိုင်ခင် ပျိုးထောင်ပေးရမယ့် အ လေ့အကျင့်ကောင်း (၆) ခု”

ကျွန်မတို့အသက်ရှင်နေသမျှကာလပတ်လုံး ကျွန်မတို့ရင်သွေးလေးတွေရဲ့ မိဘ တွေအဖြစ်ရပ်တည်နေမှာဖြစ်ပါတယ်။ဒီလိုပဲတစ်ချိန်မှာ သူတို့လေးတွေကြီးပြင်းလာမယ် လူကြီးတစ်ယောက်အဖြစ်ရပ်တည်လာမယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။

ဒါကြောင့်ငယ်ရွယ်ချိန်မှာ အမူအကျင့်ကောင်းတွေ အ တွေးအ ခေါ်ကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်။ ဒီလိုပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော အမှီအခိုကင်းသော လူသားဆန်သော သူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

က လေးတွေဟာ မွေးစက နေ အသက် ၇ နှစ်အထိ ရေမြှုပ်တစ်ခုလိုပါပဲ။သူပတ်ဝန်းကျင်က နေ ကောင်းဆိုးအကုန်စုပ်ယူတတ်ပါတယ်။ဒါကြောင့်ဒီအချိန်ဟာ သူတို့လေးတွေကိုအမှားအမှန် အ ကောင်းအဆိုး ဝေဖန်တတ်ဖို့ လေ့ကျင့်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်။

ခုခေတ်မှာမိဘ တွေအ နေ နဲ့ ပန်းချီ၊ ဂီတ၊ သင်္ချာ ၊ အက စတဲ့သင်တန်းတွေကို ပို့ဖို့အားသန်ုကြ ပေမယ့် ငယ်ရွယ်စဉ် အဓိကထားပြုစုပျိုးထောင်ပေးရမယ့် အ လေ့အကျင့်ကောင်းတွေကို အားစိုက်ဖို့မေ့နေတတ်ကြပါတယ်။

အခုပြောပြမှာက တော့ မိဘကိုယ်တိုင်က စံနမူနာလုပ်ပြရင်း လေ့ကျင့်ပေးရမယ့် အ လေ့အကျင့်ကောင်း ခြောက်ခုပါ။

၁။ လေးစားတတ်မှု

မိဘကိုယ်တိုင်က က လေးကို လေးစားမှုပြရပါမယ်။ဒါမှ က လေးက သူ့ကိုယ်သူရယ် သူ့ပတ်ဝန်းကျင်ကသူငယ်ချင်းမိတ်ဆွေ အ ပေါင်းအသင်း ဆရာ၊ ဆရာမ တွေရယ် တိရစ္ဆာန်လေးတွေနဲ့ သက်ရှိသက်မဲ့အားလုံးကို လေးစားတတ်မှာပါ။

ဒီလိုလေးစားတတ်မှသာ က လေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စိတ်ရောကိုယ်ပါလုံခြုံမှုတွေကိုရ ရှိမှာဖြစ်ပါတယ်။ ကဲ…ဒါဖြင့် –

(က) မိဘက က လေးကို လေးစားတာကို ဘယ်လိုပြကြမလဲ။

(ခ) မိဘက က လေးကိုလေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။

ဒါကအရမ်းလွယ်ပါတယ်နော်။အိမ်မှာပဲ စ လေ့ကျင့်ကြပြီး အလျဉ်းသင့်သလို အပြင်သွားရင်းရောက်တဲ့နေရာမှာ လေ့ကျင့်လို့ရပါတယ်။

မိဘက က လေးကို လေးစားတာကိုဘယ်လိုပြကြမလဲ။

(က) က လေးဘာဖြစ်ချင်လဲ။ က လေးဆန္ဒကိုဦးစားပေးမေးပါ။ဥပမာ- ည နေစာဘာစားချင်လဲ။ ဘာချက်ပေးရမလဲ။အပြင်သွားမယ်ဆို ဘာဝတ်ချင်လဲ ဘယ်သွားချင်လဲ။ ကစားစရာ ဝယ်တဲ့အခါ သူကြိုက်တာကိုပဲရွေးစေတာမျိုးပါ။

(ခ) မိဘက က လေးကိုလေးစားတတ်အောင် ဘယ်လိုသင်ပေးကြမလဲ။

က လေးကို သူပိုင်ဆိုင်တဲ့ ကစားစရာကလွဲလို့ သူများပစ္စည်းတွေကို ခွင့်မ တောင်းဘဲယူခြင်း လုခြင်းမရှိ အောင် သင်ပေးလို့ရပါတယ်။ ဥပမာ – မေ မေ့ အဝတ်ဘီရို မှန်တင်ခုံတွေကို စိတ်ရှိတိုင်း ဖွတာမျိုးကို ခွင့်ပြုမယ့်အစား က လေးကို အဝတ်ဘီရို မှန်တင်ခုံက နေ ဘာလိုချင်တာလဲမေး လိုချင်တာကိုပဲယူစေပြီး မပျက်စီးစေဘဲ သူ့နေရာသူပြန်ထားတတ်အောင် ပြောပြနိုင်ပါတယ်။ ဒါကအစပိုင်းမှာ ခက်နိုင်ပေမယ့် စိတ်ရှည်ရှည်လေ့ကျင့်ပါ။ အောင်မြင်ပါတယ်။ အကျိုးများတယ်နော်။

၂။ တာဝန်ယူတတ်မှု

က လေးဆိုတာ တစ်သက်လုံး က လေးအဖြစ်ပဲ ရှိနေမှာ မဟုတ်ပါဘူးနော်။သူတို့လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာနေမှာပါ။ ငယ်ရွယ်စဉ်အခါမှာ ကတည်းက တာဝန်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် သူ့ကိုယ်သူတာဝန်ယူတတ်မယ်။ ကျောင်းပညာရေးမှာ ထူးချွန်မယ်။ တစ်ချိန်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ အလုပ်ကြိုးစားပြီး နာမည်ကောင်းရပါမယ်။

Toddler (1 to 4 years) အရွယ်က နေစပြီး ကစားပြီးတာနဲ့အရုပ်တွေပြန်သိမ်းတတ်အောင် လေ့ကျင့်ပေးပါ။ သူနဲ့တူတူသိမ်းတာမျိုးလုပ်ပါ။ သူတစ်ခုခုသိမ်းပြီးတိုင်းမှာ တစ်ခုခုကောင်းမွန်တာလုပ်ပြီးတိုင်းမှာ ချီးမွမ်းဖို့သတိရပါ။ဒါဟာ ဒီအမူအကျင့်ကောင်းလေးကို ထပ်ခါထပ်ခါလုပ်ဖို့ တွန်းအားကောင်းတစ်ခု ခွန်အားတစ်ခုကိုဖြစ်စေပါတယ်။ တကယ်လို့သာ က လေးက သူသိပ်ကြိုက်တဲ့ ကစားစရာလေးတစ်ခုခုကို မ တော်တဆဖျောက်ဖျက်မိမယ်ဆိုရင်လည်း ချက်ချင်းပြန်မဝယ်ပေးပါနဲ့။ ဒီအဖြစ်အပျက်က နေ သူသင်ခန်းစာရပါစေ။ တာဝန်ယူတတ်မှုနဲ့ပတ်သက်တဲ့ စာအုပ်မျိုးဖတ်ပြပါ။ ပြီးရင်မေးခွန်းလေးတွေ မေးပြီး အပြန်အလှန်ဆွေးနွေးပါ။

၃။ ကြံ့ကြံ့ခံနိုင်မှု

အခက်အခဲကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့် အမှားလုပ်မိရင်တောင် နောင် တ တွေနဲ့ ပြိုလဲမ နေဘဲ အမှားက နေ သင်ခန်းစာယူနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုမပျက်ပြားဘဲ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ က လေးကိုလွယ်လွယ်ကူကူ လက် မ လျှော့တတ်အောင် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်တတ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။

ဥပမာ – Block တွေ ဆောက်တဲ့အခါ ပြိုကျခဲ့ရင် အားပေးရင်း အမြင့်ကြီးရောက်အောင်ပြီးတဲ့ထိ ဆောက်စေတာမျိုး ဆောက်ပြီးတဲ့အခါအားပေးချီးမွမ်းတာမျိုးပါ။ တစ်ဖက်ကလည်း မိဘကိုယ်တိုင်က အခက်အခဲနဲ့ကြုံရင် ဘယ်လိုဖြေရှင်းလဲဆိုတာ က လေးမြင်စေ လေ့လာခွင့်ရပါစေ။ ဥပမာ – ပျက်တဲ့ကွန်ပျူတာကို ပြင်တာမျိုး၊ကိုယ်မရ ပေမယ့် မကြိုက်ပေမယ့် က လေးကြိုက်တဲ့ Nursery Rhyme ကိုရ အောင် ကျက်မှတ်ပြတာမျိုးပါ။က လေးနဲ့တူတူလိုက်ဆိုတာမျိုးပါ။

၄။ ရိုးသားမှု

ဒီခေါင်းစဉ်ဟာ က လေးပြုစုစောင့်ရှောက်ရေးမှာ အ ရေးအကြီးဆုံးပေမယ့် ကျွန်မတို့တွေအမြဲမေ့ထားတတ်တဲ့ ခေါင်းစဉ်ဆိုလည်းမမှားပါဘူး။ရိုးသားရိုးဖြောင့်မှုကို က လေးကိုသင်ချင်ရင် မိဘကိုယ်တိုင်ကမိမိရဲ့ ရင်သွေးနဲ့ဆက်ဆံရေးမှာ ရိုးသားရပါမယ်။ဘယ်လို ရိုးသားရမလဲဆိုတာကို သိသာမြင်သာတဲ့ ဥပမာပေးရမယ်ဆိုရင် က လေးက မေးတဲ့ မေးခွန်းတွေအ ပေါ် ရိုးသားပါ။က လေးက မေးရင်ရိုးရိုးသားသားဖြေပါ။ မသိရင်လည်းမသိကြောင်း ကိုယ်မှားသွားရင်လည်းမှားကြောင်းဝန်ခံပါ။ က လေးက လိမ်ညာခဲ့ရင်လည်းအပြစ်တင်မယ့်အစားအမှန်ကိုပြောရဲအောင် အားပေးပါ။ထပ်ခါ ထပ်ခါ အားပေးတိုက်တွန်းပါ။ က လေးကအမှန်ကိုပြောတိုင်းမှာလည်း မပြတ်ချီးမွမ်းပါ။

၅။ ဂရုစိုက်တတ်မှု

သူတစ်ပါးကို ဂရုစိုက်တတ်တဲ့က လေးဟာ သူတစ်ပါးကိုနားလည်တတ် စာနာတတ်ပါတယ်။ ဒါကိုဘယ်လိုပြုစုပျိုးထောင် ပေးကြမလဲဆိုရင် အနီးစပ်ဆုံး သူ မလိုတော့တဲ့ ကစားစရာနဲ့အသုံးအ ဆောင်တွေကို လိုအပ်တဲ့နေရာတွေမှာ တူတူလှူကြတာမျိုး နေ မ ကောင်းတဲ့သူငယ်ချင်းအတွက် Get Well Soon Card လေးလုပ် လက်ဆောင်လေးဝယ်ပြီးတူတူအားပေးစကားသွားပြောတာမျိုးပါ။

၆။ စည်းကမ်းသေဝပ်မှု

က လေးဘဝကတည်းက စည်းကမ်းရှိတဲ့သူဟာ သူကြီးပြင်းလာလေ လေ သူ့ဘဝ တစ်လျှောက်မှာ ကျောင်းစားမှာရော လုပ်ငန်းခွင်မှာပါ ထူးချွန်ပါတယ်။ ဒီ အ လေ့အကျင့် ကောင်းတွေဟာ ဘဝအတွက် အ ရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်မျိုး အ ဖြေရှာရမယ့် အချိန်မျိုးမှာ အရမ်းကိုအ ထောက်အကူဖြစ်ပါတယ်။ ဒါဖြင့် စည်းကမ်းသေဝပ်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ။

(က) မိဘကိုယ်တိုင်က စည်းကမ်းရှိရပါမယ်။ စမိတဲ့အလုပ်တိုင်းကို အဆုံးထိတာဝန်ယူပြီး မြောက်စေရပါမယ်။ကိုယ်စထားတဲ့ လုပ်လက်စ တွေကိုမိသားစုဝင်တစ်ယောက်ယောက်က ကူရှင်းပေးရတာမျိုးမလုပ်ပြရပါဘူး။

(ခ) က လေးကိုလည်း အချိုပွဲမစားခင် ညစာကို အရင်ပြီးအောင်စားစေတာမျိုး ကိုယ်ကစားထားတာတွေကို ကိုယ့်ဘာသာ သိမ်းစေတာမျိုးပါ။

ဒီ အ လေ့အကျင့်ကောင်းတွေကိုပြုစုပျိူးထောင် ပေးခြင်းအားဖြငိ့ က လေးကဘဝမှာ ဘယ်လိုရပ်တည်ရမလဲ ဘာကိုတန်ဖိုးထားရမလဲ ဘယ်လိုပြုမူပြောဆိုနေထိုင်ရမလဲ သိလာပါမယ်။

ကြယ်စင်ဖြူ

Ref#6 Values to teach by age 6

Essential Parenting Magazine

crd#