ကျောက်မြောင်း၊ ဇွန် ၂ / ၂၀၂၁
“စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နေ ဦးကျော်ကျော်+ဒေါ်ငယ်ငယ်( ခ)ဒေါ်ခင်သန်းထွေး တို့၏ သမီးဖြစ်သူ မပူစူးမ(ခ)မခင်သန္တာကျော်မှာ ဆရာမ ဆိုသည့်ဂုဏ်ကိုမှမထောက်ဘဲ မိဘများစိတ်ဆင်းရဲအောင် မိသားစုဝင်မျာ သိက္ခာကျဆင်းအောင် အကြိမ်ကြိမ်ပြုလုပ် နေပါသဖြင့်
မိသားစုဝင်များမှ မပူစူးမ(ခ)မခင်သန္တာကျော်အား ယနေ့အချိန်မှစ၍ မိသားစုအသိုင်းအဝိုင်းမှ သေစာရင်း သွင်းလိုက်ပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။
ထိုအပြင် “CDM လုပ်ရမယ့်အချိန်မှာ သူတော်ကောင်းယောင်ယောင် ဆရာမဆိုတဲ့ နာမည်သာရှိပီး ဆရာမရဲ့တန်ဖိုး ဆရာမဆိုတဲ့အဓိပ္ပါယ်မသိတဲ့ လူမိုက်အားပေး ငါမမွေးဘူး။
နောက်နောင် ၎င်းနှင့်ပတ်သတ်သည့် ကိစ္စကြီးငယ်မှန်သမျှ မိသားစုဝင်များနှင့် လုံးဝလုံးဝ မသက် ဆိုင်တော့ပါကြောင်း ဆိုပြီးမိခင်ဖြစ်သူမှ အသိပေးလိုက်ပါသည်”ဟုလည်း လူမှုကွန်ယက် Facebookပေါ်မှတဆင့် ရေးသားဖော်ပြထားသည်။
(မီးရှို့နေသော ဓါတ်ပုံ)
Top Phoenix Media Group