News

“ကိုယ်ဝန်နေ့စေ့လစေ့နဲ့ မွေးခါနီးတောင် ဆိုင်ကယ်မောင်းကာပန်းရောင်းပြီး ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေရတဲ့ မိခင်လောင်းတစ်ဦး”

ပြည်သူတွေအနေနဲ့ ကိုဗစ်ကာလမှာ စီးပွားရေးတွေ ကြပ်တည်းကာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရသလို အခုလိုဆိုးရွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေကြောင့်လည်း ဒုက္ခဆင်းရဲတွေ အမျိုးမျိုးကြုံတွေ့နေကြရပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေကြရသူတွေအတွက်လည်း ပြည်သူတွေက အချင်းချင်း လှူဒါန်းမှုတွေ ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း မန္တလေးက ကိုယ်ဝန်နေ့စေ့လစေ့ မိခင် လောင်းတစ်ဦးကလည်း ကလေးမွေးခါနီးတောင် ဆိုင်ကယ်စီးပြီးပန်းရောင်းကာ ခက်ခက်ခဲခဲလုပ်ကိုင်စားသောက်နေရတဲ့အ တွက် စေတနာရှင်တချို့က ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

ကလေးမီးဖွားခါနီးအချိန်မှာတောင် စားဝတ်နေရေးနဲ့ မွေးဖွားစရိတ်အတွက် ကိုယ်တိုင်ပင်ပင်ပန်းပန်းနဲ့ ပန်းရောင်းနေရတဲ့ အဆိုပါအမျိုးသမီ အတွက် သရုပ်ဆောင်မေနွယ်ထွန်းက ငွေ (၅)သောင်းကို ဖေးမကူညီခဲ့တယ်လို့ သိပါတယ်..။

“ဒီအမက မွေးတော့မှာတောင် ပန်းရောင်းနေတုန်း ခုထိလုပ်ကို င်စားသောက်ရတာ တကယ်မလွယ်ဘူးနော်ဘဝတွေက မျိုးစုံပဲ🥺မန်းလေးက အမျိုးတို့ရေ ဒီအမ ပန်းရောင်းနေတာလေး တွေ့ရင် အားပေးကြပါဦးနော် မွေးတုန်း လိုအပ်တာလေး ဝယ်ရအောင် ဆွိ အလှူငွေလေး ပေးလိုက်ပါတယ် ပျော်နေရှာတာ ။

အမ အဆင်ပြေပါစေရှင်အလှူရှင်များအားလုံး ထပ်တူကုသိုလ်ရပါစေ🙏🙏🙏🙏.. ” ဆိုပြီး ကူညီပေးခဲ့တဲ့ သရုပ်ဆောင်မေနွယ်ထွန်းက ပြောပြထားတာ ဖြစ်ပါတယ်..။

ပြည်သူတွေပင်ပန်းခက်ခဲနေတဲ့အချိန် တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီလှူဒါန်းနေတဲ့ အလှူရှင်တွေကတော့ တကယ်ကို ကျေးဇူးတင်စရာကောင်းသလို မွန်မြတ်တဲ့အလှူတွေ ပြုလု ပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်..။