Cele News

“ချင်းတိုင်းရင်းသား အဆိုတော်လေး ဘင်ဂျမင်ဆုမ်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရ”

အဆိုတော် ဘင်ဂျမင်ဆုမ်း ကိုဗစ် ၁၉ ရောဂါကူးစက်ခံရ။

အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ ယနေ့ ဇွန်လ ၁ ရက်နေ့မှာ စစ်ရှောင်တွေကူညီဖို့ ခရီးသွားရင်း ကိုဗစ် ၁၉ ကူးစက်ရောဂါ ရှိမရှိသွားစစ်ရာမှာ ရောဂါပိုးရှိကြောင်း တွေ့ရှိထားတာ ဖြစ်ပါတယ်။

မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ မြန်မာပြည်သူတွေအတွက် သူတတ်နိုင်တဲ့ ဘက်ကနေ အလှူငွေများဖြင့် ကူညီထောက်ပံ့မှုများ ပြုခဲ့သူ‌လည်း ဖြစ်ပါတယ်။

အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ လက်ရှိ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ရောက်ရှိနေပြီး ဇွန်လ ၂ ရက်နေ့မှာ စစ်ဘေးရှောင်များကို ကူညီဖို့ ခရီးသွားရန်အတွက် COVID-19 ရောဂါ‌ ရှိ၊ မရှိ သွားရောက် စစ်ဆေးခဲ့ရာ COVID-19 အဖြေ Positive ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မေလ ၂၂ ရက်နေ့ကစပြီး ဘင်ဂျမင်ဆုမ်းနဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံး တာဝန်ရှိသူများထံ အကြောင်းကြားပြီး Quarantine ဝင်ရန် တိုက်တွန်းထားကြောင်း သိရပါတယ်။